Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်မှာ ICRCကို အခွင့်အရေးတွေတင်ပြတဲ့ နိုင်ကျဉ်းတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်

​ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို လိုအပ်ချက်အခွင့်အရေးတွေ တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အရာရှိနဲ့ ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထောင်တွင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

(နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သာယာဝတီထောင်ကို အပြင်ဘက်က တွေ့ရစဉ်။ ဓာတ်ပုံ − AAPP)

မတ်-၈၊ ၂၀၂၆ ဇေအောင်/People’s Spring

​ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို လိုအပ်ချက်အခွင့်အရေးတွေ တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အရာရှိနဲ့ ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထောင်တွင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ရက်မှာ နိုင်ငံရေးအကျဉ်းသားတွေက ၎င်းတို့ရဲ့ လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို ICRCထံ တင်ပြခဲ့ကြပါတယ်။

အဲဒီလို တင်ပြမှုကို သာယာဝတီထောင်မကြီး(မိန်းဂျေး) ဦးစီးအရာရှိက မကျေနပ်လို့ အဆောင် (၈) နဲ့ အဆောင် (၉)က ကိုယ်စားလှယ်အဖြစ် တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား သုံးဦးကို အပြင်သို့ခေါ်ထုတ်ကာ လူမဆန်စွာရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆက်သွယ်ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ရိုက်နှက်နေတာကို မြင်တွေ့ရတဲ့ အခြား နိုင်ငံရေးအကျဉ်းသားတွေက ဝိုင်းဝန်းကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြရာ အကျဉ်းထောင်ဝန်ထမ်းများနဲ့ ထောင်မကြီးဦးစီးအရာရှိရဲ့ လက်အောက်ခံ ဝန်ထမ်းအကျဉ်းသားတွေက တုတ်၊ လေးခွ အစရှိတဲ့ လက်နက်တွေကိုင်ဆောင်ကာ အဆောင်အတွင်းထိ ဝင်ရောက်ပစ်ခတ် ရိုက်နှက်ခဲ့ကြကြောင်း သိရပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ အကျဉ်းသားတွေ ကိုလည်း သီးခြားခေါ်ထုတ်ပြီး တိုက်ပိတ်တာနဲ့ ထပ်မံရိုက်နှက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” သာယာဝတီထောင်ပိုင်၏ အမိန့်မပါဝင်ဘဲ MJ ဦးစီး၏ အမိန့်သာ ပါဝင်ခဲ့သည်။ သာယာဝတီထောင်ပိုင်မှ ဆက်လက်ရိုက်နှက်ခြင်းများ မပြုလုပ်ရန် တားဆီးခဲ့သော်လည်း ထောင်ဝန်ထမ်းများက ညဘက်များနှင့် ထောင်ပိုင်အနားယူချိန်များတွင် ဝင်ရောက်ရိုက်နှက်ခြင်းများ ရှိနေပါသည်။”လို့ ထောင်တွင်းသတင်းရင်းမြစ်တစ်ဦးက ပေးပို့ပါတယ်။

သာယာဝတီထောင်ဟာ အကျဥ်းထောင်တွေထဲမှာ ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထောင်တစ်ခုဖြစ်ပြီး အထူးသဖြင့် နိုင်ငံရေး အကျဥ်းသားတွေကို ဖိနှိပ်ရာမှာနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောင်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

Facebook