Connect with us

Hi, what are you looking for?

သတင်း

ရဲဘော်တွေနောက်ကွယ်ကပံ့ပိုးပေးနေတဲ့မိခင်တွေ၊ အိမ်ထောင်ရှင်ဇနီးတွေ နဲ့ အမျိုးသမီးထုတစ်ရပ်ဟာအစားထိုးမရတဲ့ခွန်အားတွေလို့ KNDF ထုတ်ပြန်

တော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့ ရှေ့တန်းကနေရပ်တည်နေသူတွေအပြင် နောက်ကွယ်က ပံ့ပိုးပေးနေတဲ့မိခင်တွေ၊အိမ်ထောင်ရှင်ဇနီးတွေနဲ့ အမျိုးသမီးထုတစ်ရပ်လုံးရဲ့ကူညီပေးနေတာက အစားထိုးမရတဲ့ ခွန်အားတွေလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။

(KNDFက အမျိုးသမီး ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

မတ်-၈၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

တော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့ ရှေ့တန်းကနေရပ်တည်နေသူတွေအပြင် နောက်ကွယ်က ပံ့ပိုးပေးနေတဲ့မိခင်တွေ၊အိမ်ထောင်ရှင်ဇနီးတွေနဲ့ အမျိုးသမီးထုတစ်ရပ်လုံးရဲ့ကူညီပေးနေတာက အစားထိုးမရတဲ့ ခွန်အားတွေလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ (မတ်လ ၈ရက်)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝန်းလုံးအမျိုးသမီးတွေနဲ့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးရဲဘော်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့လည်း အသိပေးပါတယ်။

တော်လှန်ရေး ​ခရီးစဉ်တစ်လျှောက်မှာ အမျိုး သမီး ရဲဘော်တွေက ရှေ့တန်းတိုက်ခိုက်ရေးနဲ့ စစ်ရေးကဏ္ဍတွေမှာ ထူးချွန်စွာတာဝန်ထမ်းဆောင်တာနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ မိသားစုရေးရာ ကဏ္ဍတွေက အမျိုးသမီးတွေအားလုံးကို လေးစားဂုဏ်ပြုတယ်လို့လည်း KNDF က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကို ပုံစံမျိုးစုံနှင့် ဆန့်ကျင်တွန်းလှန်ပြီး မတရားမှုကို ဆန့်ကျင်ခဲ့တဲ့ အမျိုးသမီးထုရဲ့ စိတ်ဓာတ်တွေကို အရင်းခံတာကလည်း တော်လှန်ရေးအတွက် အစားထိုးမရတဲ့ခွန်အားတွေလို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကိုသာမက ဖိုဝါဒနဲ့ ဖိနှိပ်မှု မှန်သမျှကို ဆန့်ကျင်တော်လှန်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တိုက်တွန်းထားပါတယ်။

အမျိုးသမီးတွေ အားလုံးဟာ လူ့အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုတည်ဆောက်ရေးလုပ်ငန်းတွေမှာ အရေးပါတဲ့အခန်းကဏ္ဍ ကနေပါဝင်နေကြတယ်လို့လည်း အသိပေး ပါတယ်။

“KNDF မှာ အမျိုးသမီးတွေ က တပ်ဖွဲ့စည်းပုံတိုင်းရဲ့ ငါးပုံတစ်ပုံအနည်းဆုံးရှိတယ်။ရှေ့တန်းရော၊နောက်တန်းမှာပါ ရှိတယ်”လို့ KNDF ရဲဘော်တစ်ဦးက ပြောပါတယ်။

မျက်မှောက်ခေတ်တော်လှန်ရေးမှာ အခန်းကဏ္ဍ အသီးသီးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိရှိမှုနဲ့ လူသားဆန်မှုကိုထင်ဟပ်စေတယ်လို့ဆိုပါတယ်။

မတူကွဲပြားတဲ့အမျိုးသမီးတွေက ဒီကနေ့ အထိ ဖိုဝါဒရဲ့ဖိနှိပ်မှုစနစ်ထဲက လူမှုစံနှုန်းသတ်မှတ်ချက်တွေကိုလည်း ရဲရဲဝံ့ဝံ့တော်လှန်နေကြတယ်လို့ KNDF ကပြောပါတယ်။

လူသာဆန်မှုနဲ့ လူ့ဂုဏ်သိက္ခါကို အလေးထားတဲ့ လူ့အသိုင်းအဝိုင်းဖြစ်လာဖို့အတွက်လည်း အားလုံးဆက်ပြီး ပူးပေါင်းကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၃၁ရက်က ဖွဲ့စည်းခဲ့တဲ့ KNDF မှာ တပ်ရင်းပေါင်း ၃၀ ကျော်ရှိပါတယ်။

၂၀၂၄ ခုနှစ်က KNDFမှာ တပ်ဖွဲ့ဝင် အင်အား ၁၀,၀၀၀ နဲ့ အထက်ရှိတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။