Connect with us

Hi, what are you looking for?

သတင်း

ဇေကမ္ဘာစက်မှုဇုန်မှာ စက်ရုံမီးလောင်၊ ၁နာရီကျော်ကြာအထိ ငြှိမ်းသတ်နေရ

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်က ဇေကမ္ဘာစက်မှုဇုန် (၁၀)လမ်းမှာ စက်ရုံမီးလောင်မှုဖြစ်နေပြီး ၁နာရီကျော်ကြာတဲ့အထိ မီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ သွားရောက်ကူညီတဲ့ ပရဟိတအဖွဲ့တွေက တိုက်ရိုက်ထုတ်လွှင့်ထားကြပါတယ်။

‌မတ်-၁၄၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်က ဇေကမ္ဘာစက်မှုဇုန် (၁၀)လမ်းမှာ စက်ရုံမီးလောင်မှုဖြစ်နေပြီး ၁နာရီကျော်ကြာတဲ့အထိ မီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ သွားရောက်ကူညီတဲ့ ပရဟိတအဖွဲ့တွေက တိုက်ရိုက်ထုတ်လွှင့်ထားကြပါတယ်။

ဒီနေ့(မတ် ၁၄) ည ၈ နာရီကျော်မှာ မီးလောင်မှုစတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ မီးလောင်မှုဖြစ်နေဝာာကို မီးလောင်ပြင်ကို ရောက်ရှိနေတဲ့ ကူညီကယ်‌ဆယ်ရေး အဖွဲ့တွေရဲ့ ‌ထုတ်လွှင့်မှုတွေကနေ တွေ့မြင်နေရပါတယ်။

အဲဒီမီးလောင်မှုကို မီးသတ်က Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်နေပြီး ည ၉ နာရီခွဲမှာ မီးထိန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မီးသတ်ကမီးထိန်းနိုင်ကြောင်း ထုတ်ပြန်ထားပေမယ့် သွားရောက်ကူညီနေတဲ့ အဖွဲ့တွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာတော့ မီးတောက်တွေ တွေ့မြင်နေရဆဲဖြစ်ပါတယ်။

ဓာတ်ပုံ – MFSD

ဆက်စပ်သတင်းများ