Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဗိဿနိုးတပ်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းကနေ နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ် တာဝန်ရှိသူက ပြောပါတယ်။

(နတ်မောက်မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ။ ဓာတ်ပုံ − စစ်ဦးစီးတပ်)

ဧပြီ-၁၀ ၊ ၂၀၂၆။ဖိုးသား/People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်းကနေ နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ် တာဝန်ရှိသူက ပြောပါတယ်။

မိတ္ထီလာအခြေစိုက် တပ်မ (၉၉)လက်အောက်ခံတပ်ဖွဲ့နဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံတပ်တွေကို နတ်မောက်နဲ့ ရမည်းသင်းမြို့နယ်အစပ်မှာ မိုင်း (၆)ကွင်းနဲ့ ဧပြီ ၇ ရက်ညနေပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၈ ရက်မှာလည်း အဲဒီစစ်တပ်စစ်ကြောင်းကို မိုင်း (၃)ကွင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွေမှာ ခဲယမ်းအချို့နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းနိုင်ခဲ့တာရှိပြီး ထိခိုက်သေဆုံးမှု ကိုတော့ စုံစမ်းဆဲလို့ ဆိုပါတယ်။

“နေပြည်တော် အမြန်လမ်းဘက်ကနေ ဝင်လာတာက အင်အား ၂၀၀ ဝန်းကျင်နဲ့ ကပစ ၁၇ ကနေ ထွက်လာတာက အင်အား ၁၀၀ လောက်နဲ့ စစ် ကြောင်းထိုး နေတာပါ။အရင်က ဒီလောက်ထိအင်အားသုံးဝင်ရောက်တာမျိုးမရှိခဲ့ဘူး။ ခုလက်ရှိကတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် စစ်ကြောင်းထိုးနေတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်တွေရှိတဲ့ နေရာတွေကို နယ်မြေစိုးမိုးနိုင်ဖို့ စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

“နယ်မြေရှင်းစစ်ကြောင်းဖြစ်ဖို့များတယ်။စခန်းတော် တော်များများရဲ့တည်နေရာကို သူတို့ (စစ်တပ်) သိထားပြီးသားပဲ။စခန်းတော်တော်များများကိုလည်း ဝင်သွားပြီ။အခုလက်ရှိလည်းစစ် ကြောင်းကဆက်ထိုးနေတယ်”လို့ နတ်မောက်မြို့နယ် အမှတ်(၉၀၂)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

အခု ဧပြီလဆန်းပိုင်းကတည်းက နတ်မောက်မြို့နယ်အရှေ့ ခြမ်းက ကျောက်မိုး၊လျော်ချောင်း၊သမှုန်းကုန်း၊ကမ်းပြို ၊ကန်သာ နဲ့ လဲဘူးကျေးရွာတွေကို စစ်တပ်စစ်ကြောင်းဝင်လာခဲ့တာဖြစ်ပါတယ်။

“နယ်မြေအခြေအနေအရ ပြောက်ကျားစနစ်နဲ့ပဲ လုပ်လို့ရတာကြောင့် တိုက်ပွဲကတော့ ခပ်စိပ်စိပ်ဖြစ်နေတယ်။မိုင်းဆွဲတဲ့အဖွဲ့တွေက ဆွဲတယ်။ပြောက်ကျားတိုက်တဲ့သူကတိုက်နေတယ်။စစ်ကြောင်းပြတ်တောက်သွားအောင်တော့ မရှိသေးဘူး။ဒါပေမယ့် စစ်ကြောင်း ကြန့်ကြာအောင်နဲ့ ပြည်သူတွေ ရွှေ့ ပြောင်းချိန်ရအောင်တော့ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်နေတယ်”လို့ နတ်မောက်နယ် အခြေစိုက် တေယ်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဝင်တဲ့ကျေးရွာတွေက ပြည်သူတွေဟာ အနီးဆုံး ကျေးရွာတွေဘက်ကို ရွှေ့ပြောင်း စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

“တရွာပြီးတရွာဝင်တယ်။တညဝင်အိပ်သွားတာမျိုး။တစ်ရွာနဲ့တစ်ရွာက တစ်မိုင်ခွဲ၊နှစ်မိုင်၊သုံးမိုင် အဲဒီဝန်းကျင် လောက်ပဲ ရှိတဲ့အတွက် ဒီဘက်ရွာစစ် ကြောင်းထိုးရင် ဟိုဘက်ရွာ စစ်ရှောင်ရတယ်” လို့ နတ်မောက်မြို့နယ်အရှေ့ခြမ်းက ဒေသခံတစ်ဦးက လတ်တလောအခြေအနေကို ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းက မကွေးတိုင်း၊ နတ်မောက်မြို့နဲ့ မြို့သစ်မြို့နယ်တွေမှာ စစ်တပ်ရဲ့အရာရှိအဆင့်တွေအပါအဝင် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲအရာရှိ ယာဥ်တန်းတိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မ စစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။