Connect with us

Hi, what are you looking for?

သတင်း

မြိတ်မှာ ဆိုင်ကယ်ရေဆေးတဲ့ Gunနဲ့သင်္ကြန်ရေကစားစဥ် ကလေးတစ်ဦး ‌ဓာတ်လိုက်သေဆုံး

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်မှာ သင်္ကြန်အကျနေ့ (ဧပြီ၁၄)က ‌ဆိုင်ကယ်ရေဆေးတဲ့ Gunနဲ့ရေကစားစဥ် (၁၆)နှစ်အရွယ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

(သေဆုံးသွားတဲ့ မောင်‌စွယ်တော်ဦးရဲ့ နာရေးလိုက်လံပို့ဆောင်နေကြစဉ်။ ဓာတ်ပုံ - Screengrab)

ဧပြီ-၁၆၊၂၀၂၆။တေဇ/People’s Spring

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်မှာ သင်္ကြန်အကျနေ့ (ဧပြီ၁၄)က ‌ဆိုင်ကယ်ရေဆေးတဲ့ Gunနဲ့ရေကစားစဥ် (၁၆)နှစ်အရွယ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“သင်္ကြန်မှာရေကစားရင်း ဓာတ်လိုက်တာ” လို့ သေဆုံးသူနဲ့ အမျိုးတော်စပ်သူတစ်ဦးကပြောပါတယ်။

မြိတ်မြို့ ကန်ဇွန်းအင်းမဏ္ဍပ်မှာ သေဆုံးသွားတဲ့ မောင်‌စွယ်တော်ဦးက ရေကစားဖို့ ဆိုင်ကယ်ရေဆေးတဲ့ Gunကိုလုယူစဥ်မ​တော်တဆဖြစ်ပြီးဓာတ်လိုက်သေဆုံးတာလို့ ‌သိရပါတယ်။

Public Service Announcement

Public Service Announcement

” သင်္ကြန်အကျနေ့ကရေကစားမဏ္ဍပ်တစ်ခုမှာ ဆိုင်ကယ်ရေဆေးgun နဲ့ရေကစားရာက ဓါတ်လိုက်ပြီး Grade 7 ကလေးတစ်ယောက်ဆုံးသွားပါတယ်။ ပျော်တာတော့ပျော်ကြပေါ့ကလေးတို့။ သူတစ်ပါးလည်းနာကျင် ကိိုယ်လည်းအန္တရာယ်မကင်းတဲ့ပစ္စည်းတွေနဲ့နောက်မကစားကြပါနဲ့။” လို့ ကန်ဇွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း ပိုင်ရှင်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

မောင်စွယ်တော်ဦးရဲ့နာရေးကို ဒီကနေ့(ဧပြီ၁၆)မှာ မြိတ်မြို့ ကလွင်သုဿန်မှာပြုလုပ်ခဲ့ပြီးသူ့ရဲ့သူငယ်ချင်း​တွေ​၊​ဆွေးမျိုး​တွေနဲ့ ​ဒေသခံပြည်သူအများအပြားလိုက်ပါပို့ဆောင်တာကို ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။

စစ်တပ်က ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာ အခုနှစ် သင်္ကြန်ကို စည်ကား​အောင်လုပ်ဖို့ ညွှန်ကြားပြီးရေကစားမဏ္ဍ​တွေ​ဆောက် ၊​​ဖျော်​ဖြေ​ရေးနဲ့ ​ပျော်ပွဲရွှင်ပွဲ​တွေလုပ်ဖို့ ဖိအား​ပေး​စေခိုင်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။