Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ သင်္ကြန်ရက်အတွင်း စစ်တပ်ကဖမ်းဆီးတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံး၊ ရုပ်အလောင်း မြစ်ထဲက ပြန်တွေ့

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရသည့်လူငယ်၏ဇာတိ ကျောမကြားကျေးရွာ။ ဓာတ်ပုံ-YSO

​ဧပြီ ၁၉၊ ၂၀၂၆၊ ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

​ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က ရေစကြိုမြို့၊ ရွှေဂူကြီးဘုရားရှေ့ရှိ ရေကစားမဏ္ဍပ်မှာ ရေကစားနေတဲ့ ကျောမကြားကျေးရွာနေ အသက်(၁၇)နှစ်အရွယ် မောင်ဟိန်းထက်ဇော်ကို ရန်ဖြစ်တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနောက် ဖမ်းဆီးခံရတဲ့လူငယ်ရဲ့ မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မောင်းထုတ်ကာ မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၆ရက် သင်္ကြန်အတက်နေမှာတော့ ချင်းတွင်းမြစ်အတွင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မောင်ဟိန်းထက်ဇော်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

” အလောင်းက ဒဏ်ရာဗရပွနဲ့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါပြီ။ တစ်ရွာလုံး ယူကျုံးမရနဲ့ စိတ်မကောင်း ဖြစ်ကြတာပေါ့ဗျာ။ မိဘတွေတော့ ပြောမနေနဲ့တော့၊ တစ်ဦးတည်းသော သားလေးလေ။ ပြင်ဦးလွင်က မုန့်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးနေတာပါ။ သင်္ကြန်ရက် ရွာကို ခဏပြန်လာတာ”လို့ နီးစပ်သူတစ်ဦးက ရေစကြိုသတင်းအချက်အလက် ကော်မတီကို ပြောပြထားပါတယ်။

သေဆုံးသူ လူငယ်ရဲ့နာရေးကို ဧပြီ ၁၇ရက်က ပြုလုပ်ခဲ့ပြီး တစ်ရွာလုံး လိုက်ပါပို့‌ဆောင်ခဲ့ကြ‌ကြောင်း သိရှိရပါတယ်။

ဧပြီ ၁၃ ရက်သင်္ကြန်အကြိုနေ့ နေ့လယ်ပိုင်းကပဲ ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာကနေ မြို့ပေါ်ကို ရေလာကစားတဲ့ အသက်(၁၈)နှစ်အရွယ် လူငယ်တစ်ဦးဟာ ရွာသစ်တောရိုးနဲ့ နှစ်ထောင်ပြည့်ရပ်ကွက်အနီးမှာ စစ်အုပ်စုရဲ့ ပစ်ခတ်သတ်​​ဖြတ်ခံခဲ့ရပါသေးတယ်။

စစ်တပ်ဟာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း အပါအဝင် တော်လှန်ဒေသအသီးသီးက မြို့ပေါ်တွေမှာ သင်္ကြန်ပွဲကို စည်ကားအောင် ပြုလုပ်နေပြီး ကျေးရွာတွေကိုတော့ စစ်ကြောင်းထိုး မီးရှို့တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။