Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ်

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က မီးရှို့ခံရတဲ့ ဖက်ပင်အိုင် ကျေးရွာက နေအိမ်အချို့။ ဓာတ်ပုံ - CJ

ဧပြီ-၁၈၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်ကနေစတင်ပြီး မြင်းခြံမြို့နယ်က ကျေးရွာတွေကို ပစ္စည်းယူ၊မီးရှို့တာ တွေကို စစ်တပ်နဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းတို့က ကျေးရွာတွေကို ဆက်တိုက်မီးရှို့ခဲ့တာလို့ သိရပါတယ်။

ဖေဖော်ဝါရီ၂၆ရက်ကနေ ဒီကနေ့အထိ မြင်းခြံမြို့နယ်မှာ သင်္ဘောကျင်း၊ပတ္တရာ၊ပြည်တော်သာ၊ဒါးကျွန်း၊တန်ဆောင်း၊နတ်ညွှန်း၊သက်ကယ် ကျင်း၊ တောင်ကျွန်း၊ဖက်ပင်အိုင်၊ဆုံရွာ၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ထိန်ပန်း၊ရွာသစ်၊ကျီးပင်ကန်၊ယုံထိုးစွယ်၊ဆိတ်ကုန်း စတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရွာသစ်ကို ဧပြီ၁၂ရက် နေ့ကရှို့ထားပြီးသား။နေအိမ်၅၀၀ လောက်ရှိတာ။၁၀အိမ်လောက်ပဲကျန်တာကို ဒီနေ့မနက်ပိုင်းက ထပ်ဝင်ပြီး မီးရှို့တယ်။အခုတော့ ရွာသစ်ထဲက နေပြန်ထွက်သွားပြီ”လို့ မြင်းခြံမြို့နယ်ပကဖ သတင်း ထောက်လှမ်း ရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဖက်ပက်အိုင်ကျေးရွာ ဒေသခံတွေအပါအဝင် ကျေးရွာတွေကို မီးရှို့တဲ့အချိန်မှာ နေအိမ်တွေနဲ့အတူ မီးရှို့သတ်သွားတဲ့ သူ တွေလည်းရှိတယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်က နဘူးအိုင်ကျေးရွာကို ဝင် ရောက်တပ်စွဲထားတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဒရုန်းတွေနဲ့ ဗုံးကြဲပြီး ကျေးရွာတွေကို လိုက်လံမီးရှို့နေတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ တွေရှိခဲ့ပြီး မြင်းခြံမြို့က နေစစ်တပ်နဲ့ပျူစောထီးအင်အားတွေ ထပ်တိုးကာ စစ်ကြောင်း ၂ကြောင်းနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေဆက်လုပ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။