Connect with us

Hi, what are you looking for?

သတင်း

မြိတ်ခရိုင်တပ်ရင်း(၃)ကို NUG ဒုတိယအကြိမ် လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေး

တော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် ရဲဘော်တွေအသင့်ရှိကြဖို့ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး မှာကြား

ဧပြီ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနား ကျင်းပရာ နေရာနဲ့ နေ့ရက်ကို ဖော်ပြမထားပေမယ့် အခမ်းအနား မှတ်တမ်းဓာတ်ပုံတွေကို ဖော်ပြခဲ့ရာ လက်နက် အလက် ၂၅ လက်ဝန်းကျင် တပ်ဆင်ပေးခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ မြိတ်ခရိုင် တပ်ရင်း(၃) တပ်ရင်းမှူး ရဲဘော် အယ်ကြီးက လက်နက်လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃) သည် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘက်မလိုက်ပြောက်ကျား)မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ရုံးချုပ်မှ PDF တပ်ရင်းအဖြစ် တရားဝင်အသိအမှတ်ပြုပြီးနောက် ဒုတိယအကြိမ်အဖြစ် လက်နက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ရှင်းပြထားပါတယ်။

တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားနဲ့ တိုင်းစစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းတို့က အမှာစကား ပြောကြားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးကာလ (၅)နှစ်ကျော်အတွင်း တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် တပ်ရင်း(၃)အပါအဝင် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ စိန်ခေါ်မှု အခက်အခဲများကြားမှ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တဲ့အပေး ဂုဏ်ယူကြောင်း တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် PDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဆင့်ကဲကွပ်ကဲမှုအောက်တွင်သာ အခိုင်အမာရပ်တည်လျက်ရှိပြီး ရန်သူရဲ့ ဘယ်လို နှောက်ယှက်သွေးခွဲမှု ကြောင့်မျှ ယိမ်းယိုင်မယ်မဟုတ်လို့ လည်း ရဲဘော် စတားက ပြောကြားပါတယ်။

တော်လှန်ရေးရည်မှန်းချက်ရောက်ရှိတဲ့အထိ တစိုက်မတ်မတ် လျှောက်လှမ်းသွားမယ်ဖြစ်သလို တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲရရှိရေးအတွက် ရဲဘော်များအားလုံး အမြဲတမ်းအသင့်ရှိနေကြဖို့လည်း တိုင်းစစ်ဌာန ကွပ်ကဲရေးမှူးက မှာကြားခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအားလုံး ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကြောင့် ယခုချိန်အထိ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုင်းစစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းက ပြောကြားပါတယ်။

ဒါ့အပြင် လေ့ကျင့်သားပြည့်ဝသော ရဲဘော်များဖြစ်စေဖိုပနဲ့ COC နှစ်ရပ်ကို လိုက်နာပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ကြဖို့ လေ့ကျင့်ရေး နဲ့ စစ်ဆင်ရေးများ တပြေးညီဆောင်ရွက်သွားဖို့လည်း တိုင်းစစ်ဆင်ရေးအရာရှိက ရဲဘော်တွေကို မှာကြားခဲ့ပါတယ်။

ဒါ့အပြင် အမှတ်(၃၃)နည်းဗျူဟာမှူး ရဲဘော် စောဒါးကို၊ အမှတ်(၃၅) နည်းဗျူဟာမှူး ရဲဘော် ကျော်ထင်အောင်တို့လည်းတက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မြိတ်ခရိုင်တပ်ရင်း(၃)တပ်ရင်းမှူး ရဲဘော် အယ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း