Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ပကဖ ရဲမေဟောင်း စစ်တပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေးရဲဘော်တွေ လာပူးပေါင်းဖို့ ခြိမ်းခြောက်စည်း​ရုံးနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ မိုးကုတ်ပကဖက ရဲမေဟောင်း။ ဓာတ်ပုံ - မိုးကုတ် ပကဖ

ဧပြီ-၁၉၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့နယ် ပကဖ ရဲမေဟောင်း (တပ်ပြေး) မနှင်းနှင်းဦး (ခ)ရိုးမဟာ စစ်တပ်ထံ လက်နက်ချ အညံ့ခံခဲ့ပြီးနောက် တော်လှန်ရေးရဲဘော်တွေကို လိုက်လံစည်းရုံးခြင်း၊ မိသားစုတွေကို အကြပ်ကိုင်ခြိမ်းခြောက်ခြင်းနဲ့ သတင်းပေးဒလန်အဖြစ် လုပ်ဆောင်ခြင်းတွေကို တော်လှန်ရေးကို အဟန့်အတားဖြစ်စေဖို့ စစ်တပ်နဲ့ ပူးပေါင်းပြုလုပ်နေကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဧပြီ ၁၈ ရက်က ထုတ်ပြန် အသိပေးပါတယ်။

၎င်းဟာ မိုးကုတ်ပကဖက ရဲဘော် ၃ဦးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်တော် (N.S.S.A.A)က ရဲဘော် ၃ ဦးကို စည်းရုံးခေါ်ဆောင်သွားကြောင်း မိုးကုတ်ပကဖရဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူကနေမှတဆင့် တပ်ကနေ ရဲဘော်ရဲမေတွေကို စစ်ကောင်စီထံမှာ အညံ့ခံဖို့ မြှူဆွယ်စည်းရုံ‌းတာတွေ၊ လက်နက်ပါရင် ဆုကြေးငွေ သိန်းကိုဆယ်ပိုင်းအထိချီးမြှင့်မယ် လက်နက်အလက်ရေများရင် များသလို ဆုကြေးပိုပေးမယ်ဆိုတာတွေနဲ့ စည်းရုံးတာတွေ ရှိသလို မန္တလေးနန်းတွင်းလပခမှာ အညံ့ခံသူတွေကို တွေ့ဆုံပွဲလုပ်ပေးပြီးတော့ မိုးကုတ် ‌ကျောက်ဆောင်ရွာထိပ်က ရတနာရှင်လုပ်ကွက်မှာ ‌အောင်ပွဲ လုပ်ပေးမယ်ဆိုပြီး စည်းရုံးတာတွေလည်း ရှိပါတယ်။”လို့ မိုးကုတ်ပကဖ တာဝန်ရှိသူက ရှင်းပြပါတယ်။

၎င်းနဲ့ ပူးပေါင်းပြီး စစ်တပ်ကို ကူညီနေသူတွေကိုလည်း ဆက်လက်စိစစ်နေပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ မိုးကုတ်ပကဖက ထပ်မံအသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။