Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မှာ နေ့စဉ်အမှိုက်မသိမ်းနိုင်တာကြောင့် အနံဆိုးတွေထွက်နေ

မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးစည်ပင်ရဲ့အမှိုက်သိမ်းကားတစ်စီးကိုတွေ့ရပုံ ( ဓာတ်ပုံ - မန္တလေးစည်ပင်)

မေ – ၄ ၊၂၀၂၆ ၊ People’s Spring

မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အထူးသဖြင့် ချမ်းအေးသာစံမြို့နယ်ထဲက အမှိုက်ကန်တွေမှာ ပုံမှန်အမှိုက်မသိမ်းတာကြောင့် အမှိုက်ကန် ပြည့်လျှံ နေပြီးအနံဆိုးတွေ ဆိုးဆိုးရွားရွား ထွက်လာနေတာလို့ မြို့ခံက ဆိုပါတယ်။

မန္တလေးစည်ပင်ဟာ လစဉ် အမှိုက်ခွန်ကောက်ခံပေမယ့် ရပ်ကွက်တွေဆီ အမှိုက်ကား ပုံမှန်စေလွှတ်နိုင်တာမတွေ့ရ ဘူးလို့ ချမ်းအေးသာစံ မြို့ခံ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ပုံမှန်အမှိုက်မသိမ်းနိုင်တာကြောင့် မဟာအောင်မြေမြို့နယ်မှာလည်း အမှိုက်ကန်တွေ ပြည့်လျှံနေတာအလားတူ ကြုံနေရတယ်လို့ သိရပါတယ်။

“မြို့ထဲမှာပိုကောင်းတဲ့အစီအမံမရှိတာလား၊ အလုပ်မလုပ်တာလား နားမလည်တော့ဘူး” မဟာအောင်မြေ မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမြို့ကို Smart City အဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)လက်ထက်မှာသတ်မှတ်ပြီး စည်ပင်ကအမှိုက်သိမ်းကားတွေကိုနေ့စဉ်စေလွှတ်ပြီးအမှိုက်သိမ်းစေသလို အမှိုက်ကားတွေကို ထိန်းချုပ်ဖို့အတွက် GPS စနစ်တွေပါ တပ်ဆင်ခဲ့ပါတယ်။

အခုတော့အာဏာသိမ်းစစ်တပ်လက်အောက်မှာရပ်ကွက်တွေဆီအမှိုက်ကားတွေ ပုံမှန်လာတာမရှိတော့သလို အမှိုက်ကားလာရင် ရပ်ကွက်နေပြည်သူတွေကိုသိအောင် အသိပေးတဲ့ လော်စပီကာသံလည်း မကြားရတော့ဘူးလို့ မြို့ခံတွေက အသိပေးပါတယ်။

“ကားသံတောင်မကြားရတော့ဘယ်ချိန်လာမှန်းတောင်မသိရဘူး” လို့ မန္တလေးမြို့ခံ တစ်ဦးကပြောပါတယ်။

မန္တလေးဟာမြို့ဧရိယာကျယ်ဝန်းလာတာ​၊ မြို့ပြ လူဦးရေ များပြားလာတာကြောင့် နေ့စဉ်အမှိုက်ထွက်နှုန်းနှစ်စဉ်တိုးမြင့်လာပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာဆိုရင်တစ်ရက် တန်ချိန် ၉၀၀ နီးပါးအထိထွက်ရှိတယ်လို့ သိရပါတယ်။

အဲဒီအမှိုက်တွေကို မန္တလေးမြို့ပြင်ကကြာနီကန်အမှိုက်ကျင်းနဲ့ တောင်အင်းမြောက်အင်း အမှိုက်ကန်တွေမှာ စွန့်ပစ်တာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။