Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ လူနေရပ်ကွက်တွေအတွင်း မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေရှိနေ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တို့ တိုက်ပွဲဆက်ဖြစ်နေပြီး လူနေရပ်ကွက်တွေအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနေလို့ စိုးရိမ်နေရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

(မေလ ၄ရက်မှာ စစ်တပ် လက်နက်ကြီးကြောင့် လုံးခင်းကျေးရွာ ရပ်ကွက်(၄)အတွင်း မီးလောင်နေစဉ်။ ဓာတ်ပုံ - Screengrab)

မေ-၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တို့ တိုက်ပွဲဆက်ဖြစ်နေပြီး လူနေရပ်ကွက်တွေအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနေလို့ စိုးရိမ်နေရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ မေလ၄ရက် မနက်အစောပိုင်းကစပြီး စစ်တပ်စခန်းတွေကို KIA၊KPDFက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ ဒရုန်းနဲ့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ လူနေရပ်ကွက်တွေအတွင်း မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေ တွေ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။

” လုံးခင်းနဲ့ မှော်ဆီစာကြောမှာ တွေ့တာ။ စစ်တပ်ဘက်က ပြေးရင်း စွန့်ပစ်သွားတာတွေလည်းပါမယ်ထင်တယ်။ ကလေးတွေအတွက်ကတော့အန္တရာယ်ကြီးတယ်။ နောက်ပြီး မူးယစ်ဆေးသုံးတဲ့သူတွေကလည်း မသိကြတော့ ကောက်ယူမှာစိတ်ပူရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်ဒေသမှာ ဧပြီလ၂ရက်ကစတင်ပြီး တိုက်ပွဲတွေဖြစ်တာပါ။

လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်ကထိန်းချုပ်ထားပြီး ကနဦးကာလမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲ ရပ်သွားပြီး စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက် မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီနေ့ဆို မြေပြင်တိုက်ပွဲ သုံးရက်မြောက်ဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့လည်း ရရှိထားတယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။

ဖားကန့်ဒေသမှာ ယခင်က ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းမှာလည်း လူနေရပ်ကွက်တွေအတွင်းက မပေါက်ကွဲသေးတဲ့လက်နက်တွေကြောင့် ဒေသခံတွေထိခိုက်သေဆုံးမှုရှိခဲ့ဖူးပါတယ်။ ‌

” စစ်ကျန်လက်နက်တွေကို ရှင်းလင်းပေးစေချင်တယ်။ ဒီတိုင်းထားရင် တော်တော်မလွယ်ဘူးဖြစ်မယ်”လို့ လုံးခင်းကျေးရွာအုပ်စုမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဧပြီ ၂ရက်စစတင်တဲ့တိုက်ပွဲတွေအတွင်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လို့ အရပ်သား ခြောက်ဦးသေဆုံးခဲ့သလို လက်နက်ကြီးနဲ့ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ငါးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။