Connect with us

Hi, what are you looking for?

သတင်း

YBS ကားကြိတ်မိလို့အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

မေ – ၁၁ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

ဒီမနက်ပိုင်း၉ နာရီခန့်ကဒညင်းကုန်းလမ်းဆုံအနီးမှာ YBS ၈၈ ယာဉ်လိုင်းကယာဉ်တစ်စီးဟာနောက်ပြန်ဆုတ်ရာကနေကားနောက်မှာရပ်နေတဲ့ အမျိုးသမီးကို တက်ကြိတ်မိသွားတာပါ။

အဲဒီဖြစ်စဉ်မှာသေဆုံးသွားတဲ့အမျိုးသမီးက အသက် ၆၀ ကျော်အရွယ်ရှိပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဦးခေါင်းပိုင်းအတော်လေးပျက်ဆီးသွားတယ်၊ကားနောက်ဘီးနဲ့ကြိတ်မိတာ၊အနောက်မှာလူရှိနေတာကိုသတိမထားဘဲ ဆုတ်လိုက်လို့ဖြစ်တာပါ” လို့ အဲဒီကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူကဆိုပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးရုပ်အလောင်းကိုတော့အင်းစိန်ဆေးရုံကြီးဆီ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သရော်စာ

YBS ကားတွေပေါ်မှာ ငွေစုပ်ဖုတ်ကောင်တွေ သောင်းကျန်းနေတယ်။

သတင်း

YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာလကစတင်ပြီး အရင်‌ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာ​ကြောင့်ပြည်သူ​တွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့​နေပြည်သူတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။