Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံကပျူစောထီးတွေ ရွာကိုမီးရှိူ့ပြီး ဗီဒီယိုရိုက်ကာအောင်ပွဲခံ

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။

မေ-၁၁၊၂၀၂၆။ရှိန်း/People’s Spring

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။

အဲဒီပျူဟာ မြင်းခြံနယ်မှာ နာမည်ဆိုးနဲ့ လူသိများတဲ့ ပျူ​စောထီး​ခေါင်း​ဆောင်သီတာယုမွန်ရဲ့ အဖွဲ့က သီတာယုမွန်တပည့်တဦးဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ကို မြင်းခြံပြည်သူ့စစ်ကောင် လေးဆိုတဲ့ အကောင့်ကတင်ထားတာဖြစ်ပြီး “ဂန်းလာယူဆိုလို့ဂန်းလာယူတယ် လေ။အခုဂန်းမတွေ့ တော့ မီးရှို့ခဲ့ပြီ မင်းတို့ရွာကို သိလား။မီးခိုးတွေကို လုံးတက် နေတာသိလား။လှတယ်ကွာရွာလေးကိုနော်၊တရွာလုံးပြာကျွတ်သွားပြီ”လို့ ပြောဆို​ထားတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မျှဝေထားသူ ပျူစောထီးအမျိုးသားရဲ့ အကောင့်မှာသီတာယုမွန်ရဲ့ ပြည်သူ့စစ်အဖွဲ့ယူနီ ဖောင်းနဲ့ပုံ အများအပြားတွေ့ရပြီး သင်္ကြန်မှာ သီတာယုမွန်ရဲ့ အကအဖွဲ့ ရုပ်သံဖိုင်တွေပါတင်ထားတာကိုလည်း တွေ့ရပါတယ်။

မြင်းခြံမြို့နယ်မှာ ဧပြီလတစ်လအတွင်းမှာပဲ ကျေးရွာ၂၀ နီးပါးမီးရှို့ခံရကာ အမျိုးသမီးငယ်တွေ ပါအဓမ္မပြုကျင့် ခံခဲ့ရတယ်လို့ ဒေသခံ တွေနဲ့ တော်လှန်ရေး တပ်‌ တွေဆီကသိရပါတယ်။

“အခုနောက်ဆုံး ဝင်နေတဲ့ မြစ်ကမ်းဘက်ကမရိုးကုန်းရွာက ဒေသခံအမျိုးသမီး၄ဦး အဓမ္မပြုကျင့်ခံရတယ်လို့ကြားတယ်။အဲဘက်က အခုထိဖုန်းလိုင်းတွေ ပျက်‌ နေလို့ သတင်းတိတိကျကျတော့ မရ သေးဘူး။ရွာ တွေကိုတော့ စစ် ကြောင်းက ဆက်တိုက် မွှေနေတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

မတ်လနောက်ဆုံးပတ်မှာမြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာကိုတိုက်ခိုက်ခဲ့တဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းကနေ ဖက်ပင်အိုင်ရွာကပြည်သူ၈ဦးကို သတ်ကာ ကျေး

ရွာကိုမီးရှို့ခဲ့ပြီးတဲ့ နောက် မြင်းခြံမြို့ထဲကပျူ စောထီး တွေကို စစ်သားတွေ ဦးစီးတဲ့ စစ်ကြောင်း တွေထွက်လာကာ ရွာ တွေက ပြည်သူပိုင်ပစ္စည်း တွေကိုကားနဲ့ ခိုးယူသယ်ထုတ်ပြီး ရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာပါ။

မြင်းခြံမြို့နယ်မှာဧပြီလ တလအတွင်း စစ်တပ်က ဖက်ပင်အိုင်၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ကျီးပင်ကန်၊ဆိတ်ကုန်း၊ထိန်ပန်း၊ရွာသစ်၊ရဲတိုင်၊မြို့ကြီးကုန်း၊မြောက်ရွာလေး၊ပျိုးကန်၊ပျားရွာ စတဲ့ကျေးရွာတွေ အပါအဝင် ရွာ ပေါင်း၂၀ ခန့်မီးရှို့ခံခဲ့ရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ ​မေလဆန်းမှာလည်း ဧရာဝတီမြစ်ကမ်းတ​လျှောက်ကရွာ​တွေကို စစ်သား​တွေနဲ့ ပျူ​စောထီး​တွေပါဝင်တဲ့စစ်​ကြောင်း​တွေကဆက်လက် စစ်​ကြောင်းထိုးမီးရှို့ဖျက်ဆီး​နေတာဖြစ်ပါတယ် ။

စစ်အုပ်စုကအာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံတစ်ဝန်းမီးရှို့ ဖျက်ဆီးတာ​တွေကို မှတ်တမ်းတင်ပြုစု​​ဖော်ပြ​ပေး​နေတဲ့ Data for Myanmar ရဲ့ အချက်အလက်​တွေအရ ၂၀၂၆ ​ဖေ​ဖော်ဝါရီ လကုန်အထိ စစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့တဲ့​နေအိမ်​​ပေါင်း ၁၂၅၃၂၈ အိမ်ရှိတယ်လို့​ဖော်ပြထားပါတယ်။

https://www.facebook.com/reel/844627544770196

ရုပ်သံ-ပျူ​စောထီးတစ်​တော့

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။