Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သား ၂ဦး PDF ဗျူဟာ(၂၂)ထံ ထပ်မံအလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ပဲခူးအနောက်ရိုးမဗျူဟာ-၂၂

မေ ၁၄၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၂ဦးဟာ ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်ရှိ တပ်ရင်း (၃၈၀၁) တပ်ရင်း တပ်ခွဲ (၅)ထံ မေလ ၁၁ရက်မှာ လက်နက်မဲ့နဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူ ၂ဦးဟာ စစ်မှုထမ်းအပတ်စဉ်(၂၂)က ဖြစ်ပြီး စစ်တပ်မှာ တာဝန်မထမ်းလိုတာကြောင့် ထွက်ပြေးလာတာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အခု အလင်းဝင်လာသူ ၂ဦး အပါအဝင် ၂၀၂၆ အတွင်းမှာ ဗျူဟာ (၂၂)တပ်ဖွဲ့တွေထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၈ဦးရှိကြောင်း ဗျူဟာ ၂၂ ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။

လက်ရှိ အချိန်မှာ စစ်ကောင်စီတပ်သားသစ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ အသေခံပြီး တိုးနေရ ဖိအားပေးခံရပြီး တိုက်ပွဲဝင်နေရတဲ့ အနေအထားဖြစ်ကြောင်း ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။

“ဒီအချိန်ကာလက သူတို့အတွက် ကျနော်တို့ဆီကို လာရောက်ပူးပေါင်းဖို့ခိုလှုံဖို့ အခွင့်ကောင်းလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဆီကို လာရောက်ပြီး ပူးပေါင်းခိုလှုံဖို့ ဖိတ်ခေါ်တယ်” လို့ ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။

ဒ့ါအပြင် လူငယ်တွေအပါအဝင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှု မခံရစေရေး စစ်ကောင်စီနဲ့ ဝေးရာနေဖို့ သတိနဲ့ သွားလာကြဖို့လည်း ဗျူဟာ (၂၂) ဗျူဟာမှူးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စနစ်ဆိုး စစ်ကျွန်အောက်မှာ ရှိနေကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဗျူဟာ (၂၂)နဲ့ ဗျူဟာ (၂၂) ကွပ်ကဲမှု အောက်ရှိ တပ်ရင်း တပ်ခွဲ များ ထံ ဆက်သွယ် ပြည်သူရင်ခွင့်ခိုလှုံနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး လက်နက်ခဲယမ်းပါရင်ထိုက်တန်စွာချီးမြှင့် ဂုဏ်ပြုမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ဟာ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာတယ်လို့ ‌ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။