Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်တွေ ဂိုဏ်းဂဏမထောင်ဖို့ KA စစ်ဦးစီးချုပ် သတိပေး

တော်လှန်ရေးတပ်တွေအနေနဲ့ ဂိုဏ်းဂဏမထောင်ဖို့ ကရင်နီပြည်တပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပါတယ်။

(ကရင်နီပြည်တပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Refugee man)

မေ -၂၀၊၂၀၂၆။ဇော်ဝင်း/People’s Spring

တော်လှန်ရေးတပ်တွေအနေနဲ့ ဂိုဏ်းဂဏမထောင်ဖို့ ကရင်နီပြည်တပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပါတယ်။

မနေ့က ကျင်းပတဲ့ အပတ်စဥ် (၇၇) အခြေခံစစ်သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်မြတ်က အထက်ပါအကြောင်းအရာကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တော်လှန်ရေးထဲမှာ သူ့အုပ်စု၊ငါ့အုပ်စု၊သူ့လူ၊ငါ့လူ ဂိုဏ်းဂနတွေဖွဲ့မယ်ဆိုရင်တော့ အထူးသဖြင့် ဘယ်တပ်မဆို သူ့လူငါ့လူမလုပ်နဲ့။ဆရာတပည့် မလုပ်နဲ့ ဂိုဏ်းဂဏမထောင်နဲ့ အဲဒီလို လုပ်မယ်ဆိုရင် မကြာခင် တော်လှန်ရေးပျက်စီးမှာပဲ”လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အမိန့်နာခံကြဖို့ ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ်က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်က တပ်သျှိုတာ၊ညီညွတ်မှု ဖြိုဖျက်တာ ၊မက်လုံးပေးတာနဲ့ လူထုကို အမျိုးမျိုးမြူဆွယ်လိမ့်မယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅နှစ်ကုန်ပိုင်းက ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးခဲ့ဖူးပါတယ်။

ကရင်နီပြည်တပ်မတော်(KA) ကို ၁၉၄၈ သြဂုတ် ၁၇ ရက်က ရဲဘော် ခုနစ်ဦးနဲ့ စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းကာလမှာ ပြည်နယ်ကို နယ်လေးနယ်ခွဲကာ တပ်ရင်းလေးရင်းနဲ့ဖွဲ့စည်းခဲ့ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုလက်မခံဘဲ စစ်တပ်ကိုတော်လှန်ကာ ကရင်နီပြည်နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေအတွက် စစ်ရေးဦးဆောင်မှုတွေ လုပ်ဆောင်နေပါတယ်။

လက်ရှိ ကရင်နီပြည်နယ်က မယ်စဲ့၊ရှားတောမြို့နယ်တွေကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီး မိုးဗြဲ၊လွိုင်ကော် နဲ့ ဒီးမော့ဆိုမြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပါတယ်။

စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA) ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထု ရဲ့တိုက် တွန်းမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။