Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်အနီး ငလျင်ထပ်လှုပ်

ရန်ကုန်မြို့အထိ သက်ရောက်စေတဲ့ နောက်ထပ်ငလျင်တစ်ခု ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းအနီးမှာဒီကနေ့ ညနေ ပိုင်းက ထပ်မံလှုပ်ရှားသွားပါတယ်။

(​မေ ၁၈ ရက်က ရန်ကုန်မြို့မှာ ငလျင်လှုပ်လို့ပြည်သူ​တွေလမ်း​ပေါ် ထွက်လာကြစဥ်။ဓါတ်ပုံ-CJ)

ရွှေပြည်စိုး/People’s Spring

ရန်ကုန်မြို့အထိ သက်ရောက်စေတဲ့ နောက်ထပ်ငလျင်တစ်ခု ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းအနီးမှာဒီကနေ့ ညနေ ပိုင်းက ထပ်မံလှုပ်ရှားသွားပါတယ်။

ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ ငလျင်ဟာ မေလ ၂၂ရက် ညနေ ၄နာရီ ၅၆ မိနစ်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA)က ထုတ်ပြန်ထားပါတယ်။

အဲဒီငလျင်ကို အင်းစိန်၊ လှိုင်နဲ့ ဗဟန်းမြို့နယ်တွေကနေ ခံစားလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။အခုငလျင်ဟာရန်ကုန်မြို့အထိသက်ရောက်စေတဲ့ငလျင် ၄ရက်အတွင်း နှစ်ကြိမ်လှုပ်ရှားခြင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၁၈ရက်မနက်၈နာရီ၃၅မိနစ်ကလည်း ကျောက်တန်းမြို့ရဲ့မြန်မာ့ကမ်းရိုးတန်းအနီး မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီးရစ်ခ်တာစကေး ၅ဒဿမ ၃အဆင့်ငလျင်လှုပ်ခဲ့ပြီးရန်ကုန်မြို့မှာသိသိသာတာခံစားခဲ့ရပါတယ်။

ရန်ကုန်မြို့ဟာ ဒေးဒရဲ ပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ဒါ့အပြင်ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်းရန်ကုန်မြို့မှာငလျင် လှုပ်စေပါတယ်။

စစ်ကိုင်းပြတ်ရွေ့တောင်ဘက်အပိုင်းဟာပဲခူးငလျင်အဖြစ် ၁၉၃၀ ခုနှစ်ကအင်အားပြင်း လှုပ်ခတ်ခဲ့ဖူးပါတယ်။ယင်းငလျင်ကြောင့်ရန်ကုန်မြို့မှာ အဆောက်အအုံအချို့ပြိုကျပျက်စီးခဲ့ပြီး လူ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စစ်ကိုင်းပြတ်ရွေ့က ၂၀၂၅ မတ်လ ၂၈ရက်မှာ မန္တလေးနဲ့စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး ဗဟိုပြုပြီး ရစ်ခ်တာစကေး ၇ဒဿမ ၇ ရှိတဲ့ဖျက်အားပြင်းငလျင်ကြီး​ကြောင့်ပြည်သူ​ထောင်​ပေါင်းများစွာ​သေဆုံးခဲ့ပါတယ်။အဲဒီငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်တွေ အကြိမ်ရာချီလှုပ်ရှားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook