မေ – ၂၅ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
ပဲခူးတိုင်း၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာရှိ ဇလပ်ထော် ရေလှောင်တမံမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက်နေ့ခင်းပိုင်းမှာ ကလေးငယ်လေးဦးရေနစ်သေဆုံးခဲ့ပါတယ်။
မေလ ၂၂ ရက် ၊နေ့ခင်း ၁ နာရီဝန်းကျင်မှာဇလပ်ထော်ရေလှောင်တမံ ရေထုတ်မြောင်းထဲအသက် ၁၀ နှစ်ဝန်းကျင်ကလေးငယ်ငါးဦးဆင်းရာကနေလေးဦးရေနစ်သေဆုံးခဲ့တာပါ။
သေဆုံးသွားတဲ့ကလေးငယ်လေးဦးကပဲခူးမြို့အမှတ် (၆)ရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ်မောင်ဖြိုးဇာနည်လင်း၊အသက် ၁၁နှစ်အရွယ်မပိုးဝတီ၊ အသက် ၁၃နှစ်အရွယ်မစုပုံချစ်နဲ့အသက် ၁၀နှစ်အရွယ်မသဒ္ဒါရွှန်းလဲ့တို့ ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement
“လူကြီးမပါဘဲရေဆင်းဆော့မိတာကဖြစ်တာ၊တစ်ဦးပဲကျန်တယ်၊ ဆုံးသွားတဲ့ကလေးတွေကမောင်နှမ ဝမ်းကွဲတော်ကြပါတယ်” လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။
ကလေးလေးဦးရေနစ်တာကို ကျန်ကလေးငယ်ကပတ်ဝန်းကျင်ကို အကူ အညီတောင်းခဲ့တာပါ။ အဲဒီနောက်မှာတော့ ရှာဖွေကယ်ဆယ်ခဲ့ပေမယ့် ရုပ်အလောင်းတွေကိုသာ တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
















































