Connect with us

Hi, what are you looking for?

သတင်း

ကညွှတ်ကွင်းမှာအမွှာမောင်နှမအပါအဝင်ကလေးငယ်သုံးဦးရေနစ်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့မှာ မနေ့က( ဇွန်လ ၁၅ ရက်) အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမအပါအဝင် ကလေးငယ်သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

ဓာတ်ပုံ - ကညွှတ်ကွင်းနာရေးကူညီမှု အသင်း

ဇွန် – ၁၆ ၊၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့မှာ မနေ့က( ဇွန်လ ၁၅ ရက်) အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမအပါအဝင် ကလေးငယ်သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်၊ ခင်တန်းတိုးချဲ့မြေနေရာ ၊သင်္ချိုင်းကုန်းအနီးရှိ မြေကွက်လပ်မှာ မြေတူးထားတဲ့ ရေအိုင်အတွင်း ကလေးငယ် သုံးဦး ရေဆင်းကစားရာ ရေနစ်သေဆုံးခဲ့ရတာပါ။

“မနေ့ကနေလယ်ပိုင်းလောက်မှာကလေးတွေရေဆင်းဆော့ရင်ဖြစ်တာပေါ့၊ အားလုံးကမောင်နှမတွေပါ ၊ဆေးရုံကတဆင့်အိမ်ပြန်သယ်သွားပြီး မနက်ဖြန် သင်္ဂြိုဟ်သွားမှာပါ”လို့လူမူကူညီရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေနစ်သေဆုံးခဲ့တဲ့ကလေးငယ်တွေကတော့ အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းအရွယ် အမွှာမောင်နှမ ဖြစ်တဲ့ မကြယ်စင်အေးနဲ့ မောင်ကြယ်စင်အောင်ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မဇွန်ပန်းဖြူ လိုသိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ကလည်း ပဲခူးမြို့၊ ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် အခုလိုပဲရေနစ်သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်‌ဦး သေဆုံးသွားတာကြောင့် သွားရောက်ကူညီခဲ့ရကြောင်း ပျဥ်းမနား အရန်မီးသတ်တပ်ဖွဲ့ KoHein Team က အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာရှိ ဇလပ်ထော် ရေလှောင်တမံမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက်နေ့ခင်းပိုင်းမှာ ကလေးငယ်လေးဦးရေနစ်‌သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်းမနေ့ (မေလ ၁၇ ရက်)တစ်ရက်တည်းမှာတင်ပြင်ဦးလွင်နဲ့ မဟာအောင်မြေမြို့နယ်တွေမှာကလေးလေးဦးရေနစ်သေဆုံးခဲ့တယ်လို့လူမှုကူညီရေးအဖွဲ့တွေထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။