ဇွန် – ၂၇ ၊၂၀၂၆/People’s Spring
ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊စက်ဆန်းရပ်ကွက်ရှိ ပုဇွန်တောင်ချောင်းထဲ မနေ့( ဇွန်လ ၂၆ ရက်) နေ့ခင်းပိုင်းက ရေဆင်းကူးတဲ့ အသက် ၁၄ နှစ်ဝန်းကျင် ကလေးနှစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။
မနေ့ နေ့ခင်း ၃ နာရီဝန်းကျင်က ပုဇွန်တောင်ချောင်းထဲ ရေဆင်းကူးတဲ့ ယောကျ်ားလေးလေးဦးအနက် နှစ်ဦးရေနစ်သေဆုံးတာဖြစ်ပြီး တစ်ဦးရဲ့ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိထားတာပါ။
“ ရေစီးလည်း သန်နေတော့ တစ်ဦးတော့ပြန်မတွေ့သေးပါဘူး၊ ရှာဖွေရေးတော့ သီးသန့်လုပ်နေတာမျိုးမရှိပါဘူး ၊ပေါ်လာမှာ ကောက်ရတော့မှာပေါ့ “ လို့ လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
လက်တလောမှာပုဇွန်တောင်ချောင်းရေတက်နေတဲ့အတွက်ရှာဖွေကယ် ဆယ်ရေးကို ရပ်နားထားရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်လ ၁၅ ရက်ကလည်း ပဲခူးတိုင်း၊ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်၊ခင်တန်းတိုးချဲ့မြေနေရာသင်္ချိုင်းကုန်းအနီးရှိ မြေ ကွက်လပ်မှာ မြေတူးဖော်ရာမှ ဖြစ်ပေါ်နေတဲ့ရေအိုင်အတွင်း ကလေးငယ် သုံးဦး ရေဆင်းကစားရာမှ ရေနစ်သေဆုံးခဲ့တဲ့ဖြစ်ရပ်ဖြစ်ထားပါတယ်။
ပဲခူးတိုင်း၊ကညွတ်ကွင်းက ရေနစ်သေဆုံးသွားကလေးသုံးဦးကတော့ မောင်နှမတွေဖြစ်ကြပြီး အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမ လည်းပါဝင်ပါတယ်။


















































