Connect with us

Hi, what are you looking for?

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းဒရုန်းနဲ့တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့ ထုတ်ပြန်

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

မေ -၂၇၊၂၀၂၆။မိုမို/People’s Spring

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို ညပိုင်းအချိန်တွေမှာ ဒရုန်းနဲ့တိုက်ခိုက်တဲ့ စစ်ဆင်ရေးနဲ့ စွမ်းဆောင်ရည်တွေကို သီးသန့်ထုတ်နှုတ်ထားတဲ့ ရုပ်သံမှတ်တမ်းဖြစ်တယ်လို့ သိရပါတယ်။

“ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းနေတဲ့ ဒီတော်လှန်ရေးခရီးမှာ နည်းပညာနဲ့ စိတ်ဓာတ်ကို ပေါင်းစပ်ပြီး ရန်သူ့ကို အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ”လို့ စုန်းမအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စုန်းမအဖွဲ့က အမျိုးသမီးရဲဘော်တွေဟာ နိုင်ငံတကာတိုက်ပွဲအတွေ့အကြုံရှိတပ်သားအချို့ပါဝင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar က ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဖွဲ့ဝင်တွေဟာ အသက် ၂၀ ဝန်းကျင်ကနေ ၄၀ ဝန်းကျင်အထိ ရှိကြပါတယ်။ချင်းတောင်တန်းနဲ့ မြန်မာပြည်အနှံ့က အမျိုးသမီးတွေ ပါဝင်ပါတယ်။

သဘာဝတရားနဲ့ နီးနီးကပ်ကပ်နေထိုင်ပြီး အသိပညာ ဗဟုသုတရှိကြတဲ့ အမျိုးသမီးတွေကို အာဏာနဲ့ ထိန်းချုပ်ဖို့အတွက် နည်းမျိုးစုံနဲ့ ဖိနှိပ်ဖို့ အသုံးပြုခံခဲ့ရတဲ့ စုန်းမ(WITCH) ဆိုတဲ့ စကားလုံးကို ဂုဏ်ယူစွာနဲ့ပြန်လည်အသက်သွင်းထားတာလို့ သိရပါတယ်။

WITCH တပ်ဖွဲ့ဟာ ၂၀၂၅ နွေဦးကတည်းက FPV(အသေခံဒရုန်း) အစီအစဉ်ကို လေ့ကျင့်ခဲ့ကြပြီး အချိန်နဲ့အမျှ နည်းပညာနဲ့ ဗျူဟာတွေတိုးတက်လာခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်၊ကသာ နဲ့ ကချင်ပြည်နယ်က ရွှေကူမြို့နယ်တွေမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေက FPV(အသေခံဒရုန်း)တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

https://www.facebook.com/reel/1910712629639469

ရုပ်သံ – စုန်းမအဖွဲ့

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။