Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြိုနယ်ထဲစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သား ၁ဦးကို PDF ဖမ်းမိ

စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ အင်အားဖြည့်လာတယ်လို့ ပကဖ ပြော

(ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သား ၁ဦးကို PDF က ဖမ်းမိထားစဉ်။ ဓာတ်ပုံ - Earthquake People’s Defence Force)

မေ-၂၈၊၂၀၂၆။ဒီဒီး/People’s Spring

ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သား ၁ဦးကို အရှင်ဖမ်းမိတယ်လို့ Earthquake People’s Defence Force က ထုတ်ပြန်ပါတယ်။

ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သား မျိုးထက်ဇော်ကို မေလ ၂၆ရက်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး MA -1 သေနတ် ၁လတ်နဲ့ ကျည် ၁၀၀တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မေလ ၂၄ရက်က ငါ့သရောက်နယ်မြေမှာ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံ-ဘီလူး)၊ Popa Production and Guerrila Force (PPGF)၊ညောင်ဦးခရိုင်တပ်ရင်း ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး၊ People Democratic Army(PDA) ၊ငါ့သရောက်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံကြီးအဖွဲ့) နဲ့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးမခ ​ပြောက်ကျားတပ်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်တပ်ကစစ်သား ၇ဦးဟာ လက်နက်​တွေယူပြီးထွက်ပြေးသွားကြတာလို့ ညောင်ဦးပကဖကပြောပါတယ်။အဲဒီနောက် စစ်တပ်က နောက်ပြန်ဆုတ်ပြီး ကျေးရွာတွေအတွင်း နားနေချိန် စစ်သား ၁၀ ဦးကျော်လောက်ဟာ ထပ်မံထွက်ပြေးသွားကြတာလို့ ညောင်ဦး ပကဖက ပြောပါတယ်။

“ဖမ်းမိတာက တခြားအဖွဲ့တွေကလည်း ဖမ်းမိထားတာ ရှိတယ်။ သတင်းမထုတ်သေးလို့သာ။ တိုက်ပွဲဖြစ်တော့ သူတို့က နောက်ပြန်ပတ်ဆုတ်ပြေးကြတော့ အဲဒီမှာ တခြားတပ်ဖွဲ့တွေက ဖမ်းမိထားတာတွေရှိတယ်”လို့ညောင်ဦးပကဖတာဝန်ရှိသူကပြောပါတယ်။

ထွက်ပြေးကြတဲ့ စစ်သားတွေဟာ စစ်မှုထမ်းတပ်သားသစ်တွေ အများစုဖြစ်တယ်လို့ စုံစမ်းသ်ိရပြီး ၅ ဦးလောက်လို့ မဟာမိတ်တပ်တွေက လက်နက်တွေနဲ့အတူ ဖမ်းမိထားတယ်လို့လည်း ဆက်ပြောပါတယ်။

မေလ ၂၄ရက်က ငါ့သရောက်နယ်မြေ ဖလန်ကန်ကျေးရွာနားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်တပ်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ပုပ္ပါးဒေသဘက်က စစ်တပ်ကလည်း စစ်ရေးလှုပ်ရှားမှု လုပ်နေတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ညောင်ဦးမြို့နယ်ကို ထပ်မံစစ်ကြောင်းထိုးဖို့ ဒီကနေ့ မေလ ၂၈ရက်မှာ အင်အားဖြည့်တင်းလာတယ်လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

” စစ်တပ်က စစ်ကြောင်းဆက်ထိုးဖို့ ပြင်နေတာ ရှိတယ်။ ဒီနေ့ပဲ ညောင်ဦးမြို့ကို စစ်ကား ၂၁စီးဝင်လာတာ ရှိတယ်။ သူတို့ အင်အားတိုးပြီး ထိုးမယ်ထင်တယ်”လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်တပ်က မကြာခဏစစ်ကြောင်းထိုးနေပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးတက်လာတဲ့ စစ်တပ်အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်း ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ပွဲအတွင်း သေဆုံးမှုများနေတာကြောင့် မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲအခမ်းအနား ဖျက်သိမ်းလိုက်တယ်လို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။