Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ ပျူတွေကြောင့် သက်ကြီးအမျိုးသမီးတစ်ဦး ထိတ်လန့် သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ပြီးခဲ့တဲ့ ဧပြီအတွင်းက ဖက်ပင်အိုင်ရွာကိုစစ်တပ်မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ-CJ)

မေ-၂၉၊ ၂၀၂၆။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၈ရက် မနေ့က ဆုံရွာက ပျူစောထီးတွေဟာ ဖက်ပင်အိုင်ရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် ဒေါ်နီ ထိတ်လန့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပျူစောထီးတွေဟာ ကျေးရွာက နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာရဲ့ အရှေ့ဘက်မှာ တောင်ယာလုပ်နေတဲ့ ပြည်သူတစ်ဦးရဲ့ နွားနှစ်ကောင်ကိုလည်း ဖြုတ်ယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြင်းခြံမြို့နယ် အရှေ့တောင်ခြမ်းမှာလည်း မြင်းခြံမြို့ထဲက ထွက်လာတဲ့ စစ်ကြောင်းဟာ မေလ၂၇ ရက်မှာ ကန်ဆင့်ရွာက ‌‌ ဒေသခံတွေရဲ့ ကြက်သွန်နီတွေကို ဖောကား ၄စီးနဲ့ မြင်းခြံမြို့ဘက်တိုက်ထုတ်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ကန်ဆင့်ရွာက ကြက်သွန်အဓိကစိုက်တာဆိုတော့ အိမ်တိုင်းကြက်သွန်တွေရှိကြတယ်။ အဲတာတွေကို ဈေးတက်မှ ရောင်းဖို့ လှောင်ထားကြတာတွေ အကုန်သယ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ပြီး စစ်ကြောင်းဝင်လာချိန် ပြေးဖို့လုပ်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ဖမ်းခံရပြီး ရွှေ ၁၅ကျပ်သားနဲ့ ငွေသားတွေကို လုယူသွားကုတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ မြင်းခြံမြို့ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြင်းခြံမြို့နယ်က ကျေးရွာတွေကို၂၀၂၅ခုနှစ် ဩဂုတ်ကတည်းက ဆက်တိုက် ပစ္စည်းယူ၊ လုယက်မီးရှို့တာတွေပြုလုပ်နေပြီး ဒီနေ့အထိ ကျေးရွာတွေကို စစ်ကြောင်းထိုးလုယက်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။