Connect with us

Hi, what are you looking for?

သတင်း

မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ ဂျိုရှုအာဗန်

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

မေ-၂၉၊ ၂၀၂၆။ သုည/People’s Spring

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဗန်ရဲ့ လာရောက်လည်ပတ်မှုကို ပရိသတ်အများအပြား ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ဗန်က အားပေးစကား ပြောကြားခဲ့ပါတယ်။

ဗန် ကိုယ်တိုင်ဟာလည်း စစ်ဘေးရှောင်ဒုက္ခသည်ဘဝကနေ MMA လောကမှာ နာမည်အကျော်ကြားဆုံး UFC ရဲ့ ဖလိုင်းဝိတ်တန်းချန်ပီယံ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ကိုယ်တိုင် ဒုက္ခသည် ဘဝကနေ UFC ချန်ပီယံ ဖြစ်လာသူ ဂျိုရှုအာဗန် ရောက်လာလို့ အရမ်းပျော်မိတယ်။ တကယ့်ကို နှလုံးသားလှတဲ့သူပါ။ မမျှော်လင့်ဘဲ အပြင်မှာ ဂုဏ်သရေရှိရှိ တွေ့ရတော့ တကယ်ကျေနပ်မိတယ်” လို့ ဗန်နဲ့ တွေ့ဆုံခွင့်ရခဲ့သူ Sihhmui စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦးက ဆိုပါတယ်။

ဘဝမမေ့၊ ကျေးဇူးသိတတ်၊ ကြင်နာတတ်သော ဂျိုရှုအာဗန် ဒီ့ထက်ပို အောင်မြင်ပါစေလို့လည်း ပရိတ်သတ်အချို့က ဗန့်ကို ဂုဏ်ပြုမှတ်ချက်စကားဆိုခဲ့ပါတယ်။

မေလ ၂၆ ရက်ကလည်း ဗန်ဟာ မလေးရှားနိုင်ငံက ငယ်ဘဝပညာသင်ခဲ့တဲ့ကျောင်းကို သွားရောက်ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဂျိုရှုအာဗန်ဟာ အသက် ၁၀ နှစ်သား အရွယ်မှာ မိသားစုနဲ့အတူ မလေးရှားနိုင်ငံကို စစ်ဘေးရှောင်ရင်း အဲဒီ ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဗန်ဟာ အဲဒီကျောင်းမှာ ၂ နှစ်ခန့် ပညာသင်ကြားခဲ့ပြီးအသက် ၁၂ နှစ်အရွယ် ၂၀၁၃ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ဒုက္ခသည်အစီအစဉ်နဲ့ ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် UFC ချန်ပီယံဗန်ဟာ ငယ်စဥ်ပညာသင်ခဲ့တဲ့ကျောင်းကို ၁၃ နှစ်အကြာမှ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

မေလ ၂၅ရက်ကလည်း ဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu Hall မှာ ည ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေ ခန်းမပြည့်လျှံအောင် တက်ရောက်အားပေးကြတာ တွေ့ခဲ့ရပါတယ်။

ဂျိုရှုအာဗန်ဟာ UFC မှာ ချန်ပီယံခါးပတ်ရတဲ့ ပထမဆုံး အာရှတိုက်က ကစားသမားဖြစ်ပြီး ပထမဆုံးအရှေ့တောင်အာရှဖွား ဖိုက်တာလည်း ဖြစ်ပါတယ်။

https://www.facebook.com/reel/2070900107159238

ရုပ်သံ – Aidak Thlang

ဆက်စပ်သတင်းများ

သတင်း

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။