Connect with us

Hi, what are you looking for?

သတင်း

ဗန် နဲ့ မာနယ်ကပ် ၂၀၂၇ဇန်နဝါရီ ၃၀ မှာ ယှဥ်ပြိုင်ထိုးသတ်မယ်

UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် ဟာ ချန်ပီယံကာကွယ်ပွဲကို ၂၀၂၇ ဇန်နဝါရီ ၃၀ ရက်မှာ မာနယ်လ်ကပ် နဲ့ ယှဥ်ပြိုင်ထိုးသတ်မယ့်လို့ UFC ကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံ - UFC

​အောက်တိုဘာ-၂၅၊၂၀၂၆။​နေ့သစ်/People’s Spring

UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် ဟာ ချန်ပီယံကာကွယ်ပွဲကို ၂၀၂၇ ဇန်နဝါရီ ၃၀ ရက်မှာ မာနယ်လ်ကပ် နဲ့ ယှဥ်ပြိုင်ထိုးသတ်မယ့်လို့ UFC ကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။

လာမယ့်နှစ် ဇန်နဝါရီ ၃၀ စ​နေ​​နေ့မှာကျင်းပမယ့် UFC 336 မှာ ဗန်က ဖလိုင်းဝိတ်ချန်ပီယံ ကာကွယ်ပွဲအဖြစ် မာနယ်လ်ပ် နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ် ။

လက်ရှိ UFC ဖလိုင်းဝိတ်တန်းရဲ့အဆင့်သတ်မှတ်ချက်မှာ ဗန်က ချန်ပီယံ ၊ကပ်က အဆင့် ၁ ၊ပန်တိုဂျာက အဆင့် ၂ ဖြစ်ပါတယ်။ဒါ​ကြောင့် လက်ရှိချန်ပီယံ နဲ့ အဆင့် ၁ ယှဥ်ပြိုင်မယ့်ပွဲဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

အသက် ၂၄ နှစ်အရွယ်ဗန်ကUFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကောင်းရရှိထားပါတယ်။

အသက် ၃၂ နှစ်အရွယ် မာနယ်ကပ်ဟာ အန်ဂိုလာနိုင်ငံမှာ​မွေးဖွားပြီး အန်ဂိုလာ၊ပေါ်တူဂီနိုင်ငံသားခံယူထားကာ UFC မှာ ၁၁ ပွဲယှဥ်ပြိုင်ထားတာမှာ ၈ ပွဲနိုင် ၃ ပွဲရှုံးထားပါတယ်။

UFC အပါအဝင် MMA ပြိုင်ပွဲစုံမှာ ဗန်က ပွဲ ၂၀ ထိုးသတ်ထားပြီး ၁၈ ပွဲနိုင် ၊ ၂ ပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားပြီး ၊ကပ် က ပွဲ ၃၀ ထိုးသတ်တာမှာ ၂၃ ပွဲနိုင် ၇ ပွဲရှုံးထားပါတယ်။

ဗန်က ပန်တိုဂျာကိုအနိုင်ယူပြီး ချန်ပီယံခါးပါတ်ကာကွယ်ပြီးတဲ့​နောက် UFC မှာ ၈ ပွဲဆက် အနိုင်ရထားပါတယ်။ဒါဟာ ဖလိုင်းဝိတ်တန်းမှာ အချိန်အကြာဆုံး နိုင်ပွဲဆက်ရရှိမှုမှာ ဒုတိးအ​ကောင်းဆုံးစံချိန်ဖြစ်ပါတယ်။ ဗန်က ပြိုင်ဘက်မ​ရွေးဘဲ UFC ပွဲစီစဥ်သူ​တွေအ​နေနဲ့ ဘယ်လိုပြိုင်ဘက်နဲ့ကို​ပဲ​ခေါ်လာပ​စေ

ယှဥ်ပြိုင်ထိုးသတ်ဖို့အဆင်သင့်ပဲလို ပန်တိုဂျာကိုအနိုင်ယူပြီးသတင်းစားရှင်းလင်းပွဲမှာ​ပြောခဲ့ပါတယ်။ကပ် က​တော့ဗန်ကို မကြာခဏစကားစစ်ထိုးပြီး စိန်​ခေါ်​​လေ့ရှိပါတယ် ။

ဗန်ဟာ ပန်တိုဂျာနဲ့ပွဲအပြီးညာဘက်ပခုံးဒဏ်ရာကြောင့် ​​တစ်လဝန်းကျင်​လေ့ကျင့်တာမလုပ်ဘဲခေတ္တအနားယူ​နေတာဖြစ်ပါတယ်။ ကပ်နဲ့ပွဲအတွက် ဗန်ဟာ သုံးလ​ဝန်းကျင်ပြင်ဆင်ချိန်ရတာဖြစ်ပါတယ်။ဗန်ကUFC ဖလိုင်းဝိတ်ချန်ပီယံဖြစ်ပြီး​နောက် တက်ဆူရို နဲ့ ပန်တိုဂျာတို့ကိုအနိုင်ယူပြီးချန်ပီယံခါးပတ်​အောင်မြင်စွာကာကွယ်ပြီး​နောက် တတိယ​မြောက်ခါးပတ်ကာကွယ်ပွဲအဖြစ် ကပ်နဲ့ထိုးမှာဖြစ်ပါတယ်။

ဗန်ဟာ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအာရှသားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး UFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

လတ်တလောလေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ တစ်လဝန်းကျင်ခန့် အနားယူရမယ်

သတင်း

ကမ္ဘာ​ကျော်ဖိုက်တာ​တွေနဲ့အတူထိပ်ဆုံး အဆင့် ၆ ရောက်လာ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အပိုဆု​ကြေး​ဒေါ်လာ တစ်သိန်းစီဆွတ်ခူး