Connect with us

Hi, what are you looking for?

သတင်း

KBZ Pay ရုတ်တရက်သုံးမရတော့လို့ ပြည်သူတွေ အခက်ကြုံပြီး စိုးရိမ်မှုဖြစ်နေ

​သုံးစွဲသူအများဆုံးဖြစ်တဲ့ KBZ Pay (K Pay) မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဟာ ဒီကနေ့ ဇွန်လ ၉ရက် နေ့လယ်ပိုင်းကစပြီး သုံးလို့မရတော့တာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး စိုးရိမ်မှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

​ဇွန်-၉၊၂၀၂၆။ဟာနာဆန်/People’s Spring

​သုံးစွဲသူအများဆုံးဖြစ်တဲ့ KBZ Pay (K Pay) မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဟာ ဒီကနေ့ ဇွန်လ ၉ရက် နေ့လယ်ပိုင်းကစပြီး သုံးလို့မရတော့တာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး စိုးရိမ်မှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

​ယနေ့ ဇွန်လ ၉ရက် နေ့လယ် ၁၂ နာရီခန့်က စတင်ကာ KBZ Pay Application အတွင်း ငွေလွှဲတာ၊ ငွေထုတ်တာနဲ့ ငွေပေးချေတာ စတဲ့ဝန်ဆောင်မှုတွေ လုံးဝပြုလုပ်လို့ မရတော့ကြောင်း သုံးစွဲသူတွေက ပြောပါတယ်။

အထူးသဖြင့် KPay နဲ့ အရောင်းအဝယ်ပြုလုပ်တဲ့လုပ်ငန်းတွေမှာ လုပ်ငန်းကြန့်ကြာမှုတွေ ဖြစ်ပွားနေကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” စီးပွားရေးလုပ်နေတာ KPay မရတော့ အလုပ်ပါ ရပ်သွားရော။ စျေးအဝယ်ကျတဲ့အချိန်မှ ကွက်တိ ထဖြစ်တာ။”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးနဲ့ပတ်သက်သူတွေဆိုရင် KBZ Pay အကောင့်ကိုပါ ပိတ်သိမ်းလေ့ရှိပြီး အကောင့်ပိတ်သိမ်းခံရပြီးရင် ဖမ်းဆီးခံရလေ့ရှိတာကြောင့် စိုးရိမ်မှုတွေပါ ဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်း သုံးစွဲသူတွေက ပြောပါတယ်။

ဒါ့အပြင် စနစ်ချို့ယွင်းနေချိန် ငွေလွှဲမိသူအချို့မှာ မိမိတို့အကောင့်ထဲကနေ ငွေနုတ်သွားပေမဲ့ မှတ်တမ်း (History) တွင် မပြတာ၊ လက်ခံမယ့်သူထံ ငွေမရောက်ရှိတာတွေ ဖြစ်ပေါ်နေကြောင်း သုံးစွဲသူတွေက ပြောပါတယ်။

အလားတူ KBZ Pay အပလီကေးရှင်းကို ဖျက်ပြီး ပြန်လည်ဒေါင်းလုဒ်ဆွဲကာ အကောင့်ဝင်ဖို့ ကြိုးပမ်းသူတွေမှာလည်း စကားဝှက် (Password/PIN) မှားယွင်းနေတယ်လို့ ပြသကာ အကောင့် လုံးဝဝင်ရောက်လို့ မရတော့တဲ့ ပြဿနာတွေလည်း ရင်ဆိုင်နေရကြောင်း သုံးစွဲသူတွေက ပြောပါတယ်။

KBZ Pay အနေနဲ့ သာမန် Message Notification တွေပို မကြာခဏ ပေးပို့လေ့ရှိပေမဲ့ ယခုကဲ့သို့ စနစ်ချို့ယွင်းမှုနဲ့ ဝန်ဆောင်မှုရပ်ဆိုင်းမယ့် ကိစ္စကိုမူ ကြိုတင်အသိပေးတာ မရှိတဲ့အပေါ် သုံးစွဲသူတွေက အပြင်းအထန် ဝေဖန်နေကြပါတယ်။

​” ဇွန်လ ၉ ရက် မနက် ၂ နာရီကနေ ၂ နာရီခွဲအထိ Maintenance လုပ်မယ်လို့ပဲ စာပြဖူးတာ။ အခုက နေ့လယ်ကြီး ‘Time exceed limited’ ဆိုပြီး ဖြစ်သွားတော့ အရမ်းလန့်သွားတာပဲ။ ဒီလိုမျိုးကို ကြိုအကြောင်းကြားသင့်တာပေါ့”လို့ သုံးစွဲသူတစ်ဦးက ပြောပါတယ်။

​အဆိုပါကိစ္စနဲ့ ပတ်သက်လို့ KBZPay ဘက်ကမူ ဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်နေလို့ လတ်တလော အသုံးပြုလို့ မရနိုင်သေးဘူးလို့ နေ့လယ် ၁ နာရီဝန်းကျင်ကမှ အသိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

ဆောင်းပါး

မုံရွာမြို့နယ်မှာ ကျွတ်ကျွတ်မြည်အောင်ပူနေတဲ့ နွေနေ့လယ်ခင်းရဲ့အပူရှိန်ကိုတောင် မမှုနိုင်ဘဲ ဆိုက်တွဲတစ်စီးပေါ်မှာ လူတွေအစုလိုက် အပြုံလိုက် တက်စီးပြီး လိုက်ပါလာကြတယ်။ ဆိုက်တွဲပေါ်က လူတွေရဲ့လက်ထဲမှာလည်း မှတ်ပုံတင်နဲ့ ဖုန်းကိုယ်စီ ကိုင်ဆောင်ထားကြတယ်။

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။