Connect with us

Hi, what are you looking for?

သတင်း

စျေးဝယ်သွားတဲ့ စက်လှေတစီးပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ် ၈ဦးသေ၊၂ ဦးပျောက်ဆုံး​နေ

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(​ရေနစ်​သေဆုံးသူ​တွေရဲ့ ရုပ်အ​လောင်း​တွေကိုကား​ပေါ်သို့တင်​ဆောင်စဥ်။ ဓါတ်ပုံ-Screen Grab)

ဇွန်-၁၅၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူသုံးဆယ်ကျော် တင်ဆောင်လာတဲ့ စက်လှေဟာ ပုဏ္ဏားကျွန်းမြို့ ကြိုးတံတားအနီး ချောင်းထဲမှာ ဇွန်လ ၁၅ ရက် မနက်ပိုင်းမှာနစ်မြှုပ်သွားခဲ့တာ ဖြစ်ပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့ပါတယ်။ဒါ့အပြင်အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၁ ဦးတို့ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

“စျေးဝယ်ဖို့သွားကြတာ။ဆိုင်သည်တွေပါတယ်။ကူတောင်နားရွာတွေက လူတွေလည်း ပါသေးတယ်။ ထွက်တာ ကတော့ ကူတောင်က ထွက်တဲ့ဘုတ်ပါ။ လှိုင်းထပြီးတော့ ရေဝင်လို့ မှောက်သွားတာပြောကြတယ်” လို့ ရသေ့ တောင်မြို့နယ် ကူတောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်လှေတိမ်းမှောက်သူတွေထဲက အချို့ဟာ ဆေးရုံတက်ကုသနေရတယ်လို့လည်း သိရပါတယ်။

“ကံဆိုးတယ်ပြောရမယ်။လှိုင်းလဲအဲဒီလောက်ထိ ပြင်းတာမဟုတ်ဘူး။ ရေနစ်ပြီးတော့ ကယ်လို့ရထားတဲ့သူတွေ ထဲကအချို့ကို ဆေးရုံပို့ထားရတယ်။ နောက်နှစ်ယောက်ကတော့ ပျောက်နေတုန်းပဲ။ ရှာနေကြတယ်” လို့ ပုဏ္ဏား ကျွန်းမြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းကဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားခဲ့ရတာကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းကြောင်းတို့ကို အဓိက အားကိုးနေကြရကာ ကုန်ဆိပ်ကျတဲ့ မြို့နယ်တွေဆီ သွားရောက်စျေးဝယ်နေကြရတာဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်မှာ ဖြစ်ထွန်းနေတဲ့ အလွန်အားကောင်းတဲ့ တိမ်တိုက်ကြီးတွေဟာကုန်းတွင်းပိုင်းဆီဆက်တိုက်ဝင်ရောက်နေတာကြောင့်အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ သံတွဲနဲ့ ရမ်းဗြဲမြို့နယ် တို့မှာမိုးသည်းထန်စွာရွာပြီး လေပြင်းလည်းတိုက်ခတ်နိုင်တယ်လို့မိုးလေဝသပညာရှင် ဦးဝင်နိုင်က သတိပေး ထားပါတယ်။

မြစ်၊ချောင်းပေါများတဲ့ရခိုင်ပြည်နယ်အတွင်းက ကျေးလက်ဒေအများစုမှာ ကားလမ်းတွေမရှိ၊သလောက် နည်းပါး တာကြောင့် ဒေသခံတွေဟာ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့အတွက် ရေကြောင်းကိုပဲ အဓိက အားထား သွားလာနေကြရကာ မိုးဦးရာသီရောက်တိုင်း ရေနစ်သေဆုံးသူတွေ နှစ်စဉ် ရှိနေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

အချို့မြို့နယ်တွေမှာဆိုရင်ကျောင်းသူ၊ ကျောင်းသားတွေဟာ ချောင်းကူး၊ မြောင်းကူးကာကျောင်းသွားတက်ကြရ ပြီးမိုးတွင်းကာလတံတားကျိုးကျတာ၊ကူးတို့လှေမှောက်တာတို့ကြောင့်လည်း သေဆုံးရတာတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။