Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနီးတိုက်ပွဲ တော်လှန်ရေးတပ်တွေ စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban – UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

(မိုးဗြဲမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေသိမ်းရတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်တွေ။ ဓာတ်ပုံ - ဗိုလ် လင်းယုန်)

ဇွန်-၂၉၊၂၀၂၆။မိုမို/People’s Spring

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban – UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၈ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေစုဖွဲ့ထားတဲ့ Joint Operation Command(JOC)တော်လှန်ရေး အမှတ်(၁) စစ်ကြောင်းနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မိုးဗြဲနဲ့ ဘုရားဖြူမှာ တိုက်ပွဲဖြစ်တယ်။ ကာကင်းတချို့ကို ချေမုန်းနိုင်ခဲ့တယ်။ ရန်သူ့သေဆုံး ထိခိုက်မှု့များပြီး ဆုတ်ခွါသွားတယ်။ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်။သုံ့ပန်း ၂ယောက်မိတယ်”လို့ ကရင်နီတပ်ပေါင်းစု တာ၀န်ရှိသူက ပြောပါတယ်။ ကရင်နီတပ်ပေါင်းစုဘက်ကလည်း ထိခိုက်မှုတချို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က မနက် ၄ နာရီခွဲခန့်ကစပြီး ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်- မိုးဗြဲမြို့ နယ်ကြားက စစ်တပ် ကာကင်းစခန်းတွေကို နေ့လယ်ပိုင်းအထိ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကာကင်းစခန်းတွေဟာ ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်စုဖွဲ့ထားတဲ့နေရာတွေလို့ အသိပေးပါတယ်။

ကာကင်းစခန်းတွေသိမ်းခံရပြီးနောက်ပိုင်း စစ်တပ်က ဒီကနေ့ ဇွန်လ ၂၉ရက် နေ့လယ်ပိုင်းမှာ နန်းမယ်ခုံမြို့အနီးကို လေကြောင်းကနေ ဗုံး ၈ကြိမ်ကြဲခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ် အကောင့်တချို့မှာတော့ ဝါရီဆူးပလိုင်း၊ ဘုရားဖြူ နဲ့ ဘုရားနီရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဇွန်လ ၂၈ရက် နေ့လယ်ပိုင်းမှာ ရေးသားပါထားတယ်။

“နယ်‌မြေစိုးမိုးမှုကို ခြေကုတ်ယူထားတာဖြစ်တဲ့အတွက် ပြန်လည်ခြေမှုန်းတာဖြစ်ပါတယ်”လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

မိုးဗြဲမြို့မှာရှိတဲ့ တော်လှန်ရေးတပ်တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ မေလ ၁၃ ရက်နဲ့ ဇွန်လ ၁၉ ရက်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ – အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာလည်း စစ်သား ၁၉ ဦး ခန့် သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်တပ်က မိုးဗြဲမြို့ကတဆင့် ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ပြန် လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေပေမယ့် ကရင်နီတပ်ပေါင်းစုက ခုခံထားတာကြောင့် မိုးဗြဲ မြို့အနီးမှာပဲ ရပ်တန့်နေရပါတယ်။

“နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော်နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိမ်းချုပ်လို့ရသွားမယ့်အခြေ အနေ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲမြို့နဲ့ မိုင် ၂၀ ၀န်းကျင်အကွာ မိုးဗြဲ – ဒီးမော့ဆိုမြို့နယ်ကြားမှာရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။