Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်က ဂိတ်စခန်းတိုက်ခိုက်မှု စစ်တပ် ၁၀ ဦးထက်မနည်းသေဟုဆို

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

(သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂က တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ )

ဇူလိုင်-၂၊၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ ရက် မနက် ၃ နာရီခွဲအချိန်မှာ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ မင်းလှမြို့နယ်အတွင်းက ကိုင်းပြင်ကြီးရွာ အညာတန်းက စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကိုဒေသ အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေကသွားရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

“ ကိုင်းပြင်ကြီးကနေ ဝင်လာတဲ့ ရွာဂိတ်စခန်းပါ။တော်လှန်ရေးတပ်ဖွဲ့တွေ ပြည်လမ်းပေါ် မတက်နိုင်အောင် ကာထားသလို အနီးအနားရွာတွေကို ပေါ်တာဆွဲဖို့အတွက် စခန်းခိုင်ထားတာပါ “လို့သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)က ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြာချိန် (၁) နာရီခွဲနီးပါးအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က ထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိကာ စစ်ကူအင်အား ၈၀ ထက်မနည်းရောက်ရှိလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွါခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

ဒါအပြင် စစ်တပ်တပ်ဖွဲ့ဝင် ၈ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် ပကဖ အမှတ်(၁) တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေ)၊ လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ သာယာဝတီခရိုင် အမှတ်(၂) တပ်ရင်း၊ တပ်ခွဲ(၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

Facebook