Connect with us

Hi, what are you looking for?

သတင်း

ငဝန်မြစ်ရေလျှံပြီး ရေကာတာ‌ကျိုးသွားလို့ လေးမျက်နှာမြို့နယ်ခံတွေ ဘေးလွတ်ရာရွှေ့ပြောင်း

စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေလျှံပြီး ရေကာတာ‌ ပေ၅၀ခန့် ကျိုးသွားလို့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

ဇူလိုင်-၃၁၊၂၀၂၆။ မိထက်/People’s Spring

စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေလျှံပြီး ရေကာတာ‌ ပေ၅၀ခန့် ကျိုးသွားလို့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

လေးမျက်နှာမြို့ကို ကာရံထားတဲ့ ရေကာတာဟာ မေလ ၃၀ရက် မနက်ပိုင်းမှာ မြစ်ကျိုးကျေးရွာရဲ့ တာမိုင် (၂၅ / ၃) အနီး သဲဗွက်ဖြစ်ပြီး အနည်းငယ်နိမ့်ကျသွားခဲ့ပါတယ်။ ည ၁၀နာရီခန့်မှာတော့ ‌အလျား ပေ ၅၀ခန့် ကျ်ိုးကျသွားပြီး မြို့အတွင်း ရေဝင်လာတာလို့ မြို့ခံတွေက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အမှတ်(၃)၊(၄)၊(၅)ရပ်ကွက်နဲ့ ဂျမ်းကုန်းကျေးရွာ၊ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနဲ့ ညောင်ပင်ဝဲကျေးရွာက ဒေသခံတွေကို ဘေးလွတ်ရာ‌ရွှေ့ပြောင်းထားရတယ်လို့ ကူညီ ကယ်ဆယ်‌ ရေးအဖွဲ့တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အချိန်မီပြင်ရင် ရတယ်။ စက်တွေလည်း ရှိတယ်။ ကြိတ်လုပ်နေကြတာ။ သေရေးရှင်ရေးဖြစ်ကာမှ လူတွေကိုဆွဲထုတ်တာပါ။ အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားရင် ဒီလောက်ထိဒုက္ခမများပါဘူး”လို့ လေးမျက်နှာမြို့၊အမှတ်(၃)ရပ်ကွက်မှာနေသူတစ်ဦးက ပြောပါတယ်။

လေးမျက်နှာမြို့ဟာ ငဝန်မြစ်ကမ်းဘေးမှာ တည်ရှိပြီး ငဝန်မြစ်ရေက စ်ိုးရိမ် ရေမှတ်အထက်မှာရှိနေပါတယ်။ မြို့ ပေါ်ရပ်ကွက်တွေအထိ ရေဝင်လာလို့ ဌာနဆိုင်ရာရုံးတွေနဲ့ ကျောင်းတွေလည်းပိတ်ထားတယ်လို့သိရပါတယ်။

ကျိုးကျသွားတဲ့ ရေကာတာနေရာကနေ ရေဝင်နေလို့ ဟင်္သာတ၊ ရေကြည်မြို့နယ်ဘက်တွေကိုသွားတဲ့ ဒေသတွင်း ကုန်လမ်းဆက်သွယ်ရေးလမ်းပိုင်းတွေနဲ့ အနီးပတ်ဝန်းကျင်က မြို့နယ်တွေမှာလည်း ရေဝင်နစ်မြုပ်နိုင်တယ်လို့ လူမှုရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

လေးမျက်နှာမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ လက်ရှိရေကြီးတဲ့နေရာတွေဟာ တိုက်ပွဲဧရိယာနဲ့ဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ ဇူလိုင် ၃၀ရက် ညကလည်း စစ်တပ်ရဲ့တိုက်လေယာဉ်တွေပျံသန်းမှုရှိပြီး လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေလည်းကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေသလို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲခုခံနေသလိုလက်နက်ကြီးပစ်ခတ်သံတွေကိုလည်း အနီးပတ်ဝန်းကျင်မြို့တွေကနေကြားနေရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။