Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူလာပြီး KNU တပ်မဟာ (၄) ထံ အလင်းဝင်

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇူ လိုင်၃၁ရက် မနက်အ‌စောမှာ မြိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်အတွင်းက စစ်သား တစ်ဦး လက်နက်ယူလာပြီးအလင်းဝင်လာတာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သားဟာ MA-1(၁)လက်၊ ကျည်ဘောက်(၁)ခု၊ ကျည်(၂၀)တောင့်ယူလာကြောင်းဖော်ပြထားပြီး KNU ကလည်း အလင်းဝင်လာသူကို ဆုငွေပေးအပ်တာ မှတ်တမ်းဓာတ်ပုံမှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာတဲ့ တပ်သားဟာ အာဏာသိမ်းအကြမ်းဖက်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးစု‌ဆောင်းခံခဲ့ရသူ ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း(၃)လ တက်ရောက် စစ်မှုထမ်းခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ ဆက်လက်မနေလိုတော့လို့ ထွက်ပြေးကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် KNLA တပ်မဟာ(၄)ထံ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

KNU တပ်မဟာ(၄)အပါအဝင် တပ်မဟာ အသီးသီးနယ်မြေတွေမှာ စစ်ကောင်စီတပ်သားတွေ မကြာခဏအလင်းဝင်ရောက်လေ့ရှိပြီး အများစုဟာစစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ပါတယ်။

KNU ကလည်း စစ်ကောင်စီတပ်ထံက ဘက်ပြောင်းလာသူတွေကိုကြိုဆိုကြောင်းဖိတ်ခေါ်ထားပြီး နီးစပ်ရာတော်လှန်ရေးတပ်တွေနဲ့ဆက်သွယ်အလင်းဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။