Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ကားဆီတန်းပြန်လာတဲ့ လူငယ်အပါအဝင် ၁၃ ဦးထက်မနည်း ရိုက်နှက်ပေါ်တာဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

(ပေါ်တာပတ်ဆွဲနေသည့် အိမ်စီးကားတစ်စီးအားတွေ့ရစဥ်။ ဓါတ်ပုံံ-Myo Gyi)

သြဂုတ် ၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၂ ရက် ညနေပိုင်းက မုံရွာမြို့၊ ခရိုင်ရဲရုံးထဲကနေ ထွက်လာတဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲအိမ်စီးကား ၄ စီးဟာ စက်မှုဇုန်(၁)မှာ လူငယ် ၅ ဦး၊ စက်မှု သမ္မစိတ္တလမ်းက အလုပ် ပြန် လူငယ် ၇ ဦးကို ရိုက်နှက်ပြီး ကားပေါ်တင် ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူ ထန်းတောရပ်ကွက်၊ ပြည်မြန်မာစိုးဆီဆိုင်မှာ ​ကားဆီတန်းပြီးပြန်လာတဲ့ လူငယ်တစ်ဦးလည်း ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ဆီဆိုင်အကျော်မှာ အဖမ်းခံရတာ။ ရွှေဝါရောင် လမ်းမှာ”လို့ ဒေသခံက ပြောပါတယ်။

အဲဒီပေါ်တာဆွဲယာဥ်တန်းဟာ တစ်မြို့လုံးပတ်ဆွဲနေတဲ့အတွက် ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၁၃ ဦးထက်မက ရှိနိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြိးခဲ့တဲ့ ဇူလိုင်အတွင်းကလည်း မုံရွာမြို့က လူငယ်နဲ့ လူလတ်ပိုင်း ရာချီ ပေါ်တာဆွဲ ဖမ်းဆီးပြီး နမခ အတွင်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ စစ်တပ်ပေါ်တာဆွဲတာ သောင်းကျန်းနေလို့ လုပ်ငန်း​တွေ ရပ်နားထားရတဲ့အထိ ဆိုးရွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ယခုလထဲမှာပဲ စစ်မှူထမ်း အပတ်စဥ် (၂၇) စတင်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။