Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တက္ကစီသမား ပြန်ပေးဆွဲခံရ

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သြဂုတ် ၄၊၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင် ၁၅ ရက် မနက်က မန္တလေးမြို့နေ တက္ကစီသမား စစ်မှုထမ်းဟောင်း ဦးစိုးဝင်းဆိုသူဟာ ၎င်းရဲ့ AD Van ကားနဲ့အတူ ပျောက်ဆုံးသွားတာဖြစ်ကြောင်း၊ ဇူလိုင် ၁၆ ရက်မှာ လူတစ်ဦးက ဖုန်းဆက်ပြီး ကျပ်သိန်း ၃၀နဲ့ ပြန်ရွေးဖို့ ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ ဖုန်းစက်ပိတ်သွားကြောင်း ပျောက်ဆုံးသူရဲ့ဇနီးနဲ့ ပေါက်ကိုယ်တော်က Tiktok လူမှုကွန်ရက်ကနေ ပြောပါတယ်။

ပျောက်ဆုံးသူရဲ့ဆွေမျိုးတွေက လိုက်လံရှာဖွေရာမှာ ကားကိုတော့ ပြည်ကြီးတံခွန်မြို့နယ်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး လူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါကားကို ပြည်ကြီးတံခွန်ရဲစခန်းက သိမ်းထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက လက်ရှိ အဆိုပါကား လက်ဝယ်တွေ့ရှိရသူတွေကို ခေါ်ယူစစ်ဆေးပေမဲ့ ဖမ်းဆီးခြင်းမရှိဘဲ ပြန်လွှတ်လိုက်တယ်လို့ ပျောက်ဆုံးသူရဲ့ဇနီးနဲ့ ပေါက်ကိုယ်တော်က ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ စစ်မှုထမ်းဟောင်းဟာ ယခင် ကပစ (၇) ဝါဇီ ငွေစက္ကူစက်ရုံမှာ ၂၁ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။