Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စီးပွားရေး ပိတ်ဆို့မယ့် ကိစ္စဟာ အမေရိကန်ရဲ့ ကြံမိကြံရာ လုပ်ရပ်ဖြစ်ပြီး ကျရှုံးလိမ့်မယ်လို့ အီရန်ပြော

အီရန်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ကျင့်သုံးမယ်ဆိုတဲ့ အမေရိကန် ခြိမ်းခြောက်မှုဟာ ကြံမိကြံရာတွေ လျှောက်လုပ်နေတယ် ဆိုတာကို ညွှန်ပြပြီး ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - EPA

အီရန်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ကျင့်သုံးမယ်ဆိုတဲ့ အမေရိကန် ခြိမ်းခြောက်မှုဟာ ကြံမိကြံရာတွေ လျှောက်လုပ်နေတယ် ဆိုတာကို ညွှန်ပြပြီး ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အီရန်အပေါ် သမိုင်းတလျှောက် အပြင်းထန် အကျပ်တည်းဆုံး အရေးယူ ပိတ်ဆို့မှုတွေ ကျင့်သုံးမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့နောက် အီရန်ဖက်က အခုလို တုံ့ပြန်ခဲ့တာပါ။ ဘက်ဆန့် မတိုင်ခင်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း အီရန်ဟာ မကြုံစဖူး ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့ခံရမှုနဲ့ နောက်ဆက်တွဲ အထီးကျန် ရပ်တည်ရမှုတွေကို ကြုံရစေမယ်လို့ သတိပေးခဲ့ပါတယ်။

အီရန်က ဟောမုဇ်ရေလက်ကြားကို ဆက်ပြီး ပိတ်ဆို့ထားသလို အမေရိကန်ရဲ့ စစ်ရေးအရ ဖိအားပေးမှုတွေကို ခေါင်းမာမာနဲ့ တောင့်ခံနေတဲ့နောက် ထရမ့်က အီရန်အပေါ် စစ်ရေးအရ ထိုးနှက်မှုတွေကို လျှော့ချပြီး စီးပွားရေးအရ အပြင်းအထန် ထိုးနှက်တဲ့ ဗျူဟာကို ပြောင်းလဲ ကျင့်သုံးမယ်လို့လည်း ပြောကြားထားပါတယ်။

ဒါပေမဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီကတော့ ဩဂုတ် ၂၃ ရက်နေ့က Telegramမှာ ဗီဒီယိုတစ်ခု တင်ခဲ့ပြီး အမေရိကန်ဟာ အရင်က ကျင့်သုံးပြီး မအောင်မြင်တဲ့ နည်းဟောင်းကြီးကိုပဲ ပြန်သုံးနေရတာကိုက ဘယ်လောက် ကမူးရှူးတိုး ဖြစ်နေသလဲဆိုတာ မြင်သာကြောင်း လှောင်ပြောင်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ့် အနှစ်ချုပ်ကတော့ အမေရိကန်ဟာ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်နေတာတွေကနေပြီး အရင်နည်းလမ်းဟောင်းဆီ ပြန်ဦးလှည့်သွားတာ ဖြစ်ကြောင်း၊ ဒီအချက်ကိုက အမေရိကန်က ကြံမိကြံရာတွေ လျှောက်လုပ်နေပြီ ဆိုတာကို ပြသနေကြောင်း အာရက်ချီက ဆိုပါတယ်။

အမေရိကန် တကယ်တမ်း လုပ်သင့်တာက တရားမျှတမှုနဲ့ ဂုဏ်သိက္ခာ ပြည့်ဝတဲ့ အဖြေတစ်ခုကို ရှာဖွေဖို့အတွက် အီရန်ကို လေးလေးစားစား ဆွေးနွေးဖို့ ဆိုတာမျိုးဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

အမေရိကန် ဘာလုပ်လုပ် အီရန်က ဘယ်တုန်းကမှ ကြောက်နေခဲ့ကြောင်း၊ ရေကြောင်းကနေ ပိတ်ဆို့တာ အပါအဝင် တခြား စစ်ရေး လှုပ်ရှားမှုတွေပဲဖြစ်ဖြစ် အမေရိကန်ဟာ အကုန်လုံး ကျရှုံးခဲ့ကြောင်း၊ အခု အစီအစဉ် အသစ်လည်း ကျရှုံးဦးမှာဖြစ်ကြောင်း အာရက်ချီက ဆိုပါတယ်။

ထရမ့်ကတော့ အီရန်အပေါ် ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မယ့် အမေရိကန်ရဲ့ အစီအစဉ်တွေကို ဆန့်ကျင်ပြီး အီရန်ကို ကူညီတဲ့ တခြားနိုင်ငံ အားလုံးကိုလည်း ဒဏ်ခတ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အီရန်ဆီကနေ ရေနံအဓိက ဝယ်ယူနေတဲ့ တရုတ်ကိုလည်း အမေရိကန်က အခုအစီအစဉ်မှာ ပူးပေါင်းဖို့ တိုက်တွန်းထားပေမယ့် တရုတ်ကတော့ ငြင်းဆိုပြီး လက်ရှိ အကျပ်အတည်းကို သံတမန်ရေး နည်းတွေအရ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

အီရန်အစိုးရက ပါကစ္စတန် စစ်တပ် အကြီးအကဲ အဆင်မ် မူနားဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေ ဆွေးနွေးဖို့ ဩဂုတ် ၂၄ ရက်မှာ မြို့တော် တဟီရန်ကို လာရောက်မယ်လို့ ထုတ်ပြန်ထားပေမယ့် အသေးစိတ်ကိုတော့ မကြေညာပါဘူး။ ပါကစ္စတန်ဟာ အမေရိကန်နဲ့ အီရန်တို့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်နိုင်ရေး ကြားဝင်စေ့စပ်ပေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားတဲ့နောက် အမေရိကန်က အခွန်တိုးမြှင့် စည်းကြပ်မှုတိုင်းကို တူတူညီညီ လက်တုံ့ပြန်သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

နိုင်ငံတကာ

အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။