Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသားတစ်ဦး ခြိမ်းခြောက်လို့ ထိုင်းစာသင်ကျောင်းမှာ အွန်လိုင်းကပဲ အတန်းတက်ခိုင်းထား

ကျောင်းသား တစ်ဦးစီက ခြိမ်းခြောက်မှုကြောင့် ထိုင်းစာသင်ကျောင်း တစ်ခုဟာ အတန်းတက် သင်ယူမှုတွေအစား အွန်လိုင်း သင်ကြားပို့ချမှုကို တစ်ရက်တာ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကျောင်းသား တစ်ဦးစီက ခြိမ်းခြောက်မှုကြောင့် ထိုင်းစာသင်ကျောင်း တစ်ခုဟာ အတန်းတက် သင်ယူမှုတွေအစား အွန်လိုင်း သင်ကြားပို့ချမှုကို တစ်ရက်တာ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ခွန်ကန်မှာရှိတဲ့ ကာလာယန်နာဝတ် စာသင်ကျောင်းဟာ ဩဂုတ် ၂၁ ရက်နေ့အတွက် အတန်းတက်စရာ မလိုဘဲ အွန်လိုင်းကနေပဲ ချိတ်ဆက်ပြီး သင်ခန်းစာတွေ ပို့ချစေမှာ ဖြစ်တယ်လို့ Facebook ပေါ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသူကျောင်းသားတွေက ကျောင်းတက်ဖို့ မလိုပေမယ့် ဆရာ ဆရာမတွေနဲ့ တခြားဝန်ထမ်းတွေကတော့ ပုံမှန် ကျောင်းလာရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းသားတစ်ဦးက ရန်လို အကြမ်းဖက်ဖို့ ရည်ရွယ်ထားကြောင်း သတင်းတစ်ခုကို လက်ခံရရှိခဲ့တဲ့နောက် အလေးအနက် ဆန်းစစ်လေ့လာပြီး လုံခြုံရေးအရ အခုလို ဆုံးဖြတ်ခဲ့တာလို့လည်း စာသင်ကျောင်းဖက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်ရက်တာ အွန်လိုင်းသင်ကြားစေမှုအဖြစ် ပြောင်းလဲခဲ့တာဟာ ကျောင်းရဲ့ လုံခြုံရေး စံနှုန်းတွေကို မြှင့်တင်ပြီး ကလေးတွေ၊ မိဘတွေ၊ ဝန်ထမ်းတွေ၊ ဆရာဆရာမတွေ ဘေးကင်းစေရေးအတွက်လို့လည်း ဆိုပါတယ်။

ကျောင်းသူကျောင်းသားတွေဟာ ပုံမှန် အတန်းချိန်တွေကို ကျောင်းက ကြိုတင် သတ်မှတ် စီစဉ်ပေးထားတဲ့ အွန်လိုင်း channelတွေကနေ ချိတ်ဆက် သင်ယူရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ စာသင်ကျောင်း တာဝန်ရှိသူတွေက သက်ဆိုင်ရာ အစိုးရ အေဂျင်စီ အသီးသီးနဲ့ ချိတ်ဆက်ပြီး ရရှိထားတဲ့ သတင်းနဲ့ ပတ်သက်လို့ အတည်ပြုတာ၊ အန္တရာယ် ဖြစ်နိုင်ခြေကို ဆန်းစစ်တာ၊ လုံခြုံရေး အစီအမံတွေကို နှီးနှောတိုင်ပင်တာတွေ လုပ်ဆောင်နေပါတယ်။

ထိုင်းသတင်းတွေရဲ့ အဆိုအရ အဲဒီကျောင်းရဲ့ ကျောင်းသားတွေ စုဖွဲ့ထားရာ Line group တစ်ခုမှာ ဩဂုတ် ၂၀ ရက်နေ့တုန်းက ကိစ္စတစ်ခုခုကြောင့် အငြင်းပွားခဲ့ကြကြောင်း၊ နောက်တော့ ကျောင်းသားတစ်ဦးက ရန်လို အကြမ်းဖက်မယ် ဆိုတာမျိုးတွေ ခြိမ်းခြောက်ပြီး groupထဲက ထွက်သွားခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း ကျောင်းဖက်က အခုလို အစီအမံတွေနဲ့ တုံ့ပြန်လာတာပါ။

ထိုင်းမှာ လဆန်းပိုင်းတုန်းက နေအိမ်နဲ့ စာသင်ကျောင်း ပစ်ခတ်မှု ဖြစ်စဉ်တစ်ခုကြောင့် ကျူးလွန်သူ ကျောင်းသား အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီကိစ္စနောက်ပိုင်း ကျောင်းတွေရဲ့ လုံခြုံရေး အစီအမံတွေကို မြှင့်တင်ဖို့ ထိုင်းအစိုးရက အပူတပြင်း ဆောင်ရွက်လာခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

ကရင်တိုင်းရင်းသား ၂၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ပေးထားဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ခရီးဆောင်အိတ်ထဲ ထည့်ပြီး စွန့်ပစ်ခံရတဲ့ ဆယ်ကျော်သက် မိန်းကလေးဟာ ဒဏ်ရာတွေကြောင့် မဟုတ်ဘဲ အသက်ရှူ မွန်းကျပ်လို့ သေဆုံးသွားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

One Championship ရဲ့ ဂျပန် ကစ်ဘောင်ဆင် ဖိုက်တာ တာခဲရုဟာ မြန်မာနိုင်ငံ တောင်ကြီးမြို့က အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှာ စာသင်ကျောင်းဆောင်သစ် လှူဒါန်းခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ကာယကြံ့ခိုင်မှုဆိုင်ရာ ပြိုင်ပွဲတစ်ခုမှာ ဘန်ကောက်မြို့တော် အခြေစိုက် ကာယ သင်တန်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။