Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိန်တိုင်း ကျန်းမာရေး ကောင်းနေတာ မဟုတ်ဘူးလို့ Pee Mak မင်းသမီး သတိပေး

ပိန်သွယ်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ ကိုလက်စထရော ပမာဏဟာ အန္တရာယ်ရှိတဲ့ အဆင့်ထိ ရောက်နေတာကို ဆေးစစ် တွေ့ရှိခဲ့ကြောင်း နာမည်ကျော် ထိုင်းရုပ်ရှင်မင်းသမီး ဒါဝီကာဟွန်းက ပြောပြခဲ့ပါတယ်။ ပိန်ပိန်သွယ်သွယ် ဖြစ်နေတိုင်း ကျန်းမာနေတယ်လို့ ယူဆလို့ မရကြောင်းလည်း သူက သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - China Daily

ပိန်သွယ်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ ကိုလက်စထရော ပမာဏဟာ အန္တရာယ်ရှိတဲ့ အဆင့်ထိ ရောက်နေတာကို ဆေးစစ် တွေ့ရှိခဲ့ကြောင်း နာမည်ကျော် ထိုင်းရုပ်ရှင်မင်းသမီး ဒါဝီကာဟွန်းက ပြောပြခဲ့ပါတယ်။ ပိန်ပိန်သွယ်သွယ် ဖြစ်နေတိုင်း ကျန်းမာနေတယ်လို့ ယူဆလို့ မရကြောင်းလည်း သူက သတိပေးခဲ့ပါတယ်။

မိသားစုတွေနဲ့အတူ ဆေးစစ်ခဲ့တဲ့ အခါမှာ သူ့ခန္ဓာကိုယ်မှာ LDLလို့ခေါ်တဲ့ ဆိုးကျိုးဖြစ်စေတဲ့ ကိုလက်စထရော ပါဝင်မှုဟာ အန္တရာယ်များတဲ့ အဆင့်ထိ ရောက်နေလို့ ဆေးစွဲသောက်သင့်တဲ့ အခြေအနေတောင် ဖြစ်နေတယ်လို့ သူက ပြောပြပါတယ်။ ဒါပေမဲ့ အသက်လည်း ငယ်သေးတဲ့အတွက် ဆရာဝန်တွေက ဆေးသောက်မယ့်အစား ကျန်းမာရေးအတွက် ပိုမိုသင့်တော်တဲ့ နေထိုင်မှုပုံစံ ပြောင်းလဲတာမျိုး အရင်ဆုံး လုပ်ဖို့ သူ့ကို အကြံပြုထားကြောင်း သိရပါတယ်။

Pee Makနဲ့ The Empress of Ayodhayaတို့လို ရုပ်ရှင်တွေ၊ စီးရီးတွေနဲ့ မြန်မာပရိသတ်တွေကြားမှာပါ လူသိများခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မင်းသမီးက သူဟာ အဆာပြေမုန့်တွေ ခဏခဏစားတာ၊ အဆီအဆိမ့်နဲ့ အာဟာရ သိပ်မဖြစ်တဲ့ မုန့်ပဲသရေစာတွေ များများစားပြီး လေ့ကျင့်ခန်းလည်း သိပ်မလုပ်ဖြစ်တာကြောင့် သွေးတွင်းမှာ LDL မြင့်တာမျိုး ဖြစ်နိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဆေးစစ်ရလဒ်ကြောင့် ထိတ်လန့်သွားတဲ့ ဒါဝီကာဟာ အခုတော့ ဆီကြော်စာတွေနဲ့ မုန့်တွေ လျှော့စားနေသလို ကိုယ်လက်လေ့ကျင့်ခန်းအဖြစ် ပုံမှန် တင်းနစ်ကစားနေကြောင်း ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အခုကိစ္စဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲသွားစေသလို ကျန်းမာရေးနဲ့ ပတ်သက်လည်း ပိုအလေးထားမိလာစေတယ်လို့ ဒါဝီကာက ဆိုပါတယ်။ နောက်ပြီး သူ့ရဲ့ မိတ်ဆွေတွေထဲက တချို့လည်း အသက်ငယ်ငယ်နဲ့ သွေးကြောပိတ်တာမျိုး ပြဿနာတွေနဲ့ ရုန်းကန်နေရတာကို သတိထားမိလာကြောင်း သူက ဆိုပါတယ်။

အရမ်းဝမနေဘဲ ပိန်ပိန်သွယ်သွယ် ဖြစ်နေရုံနဲ့တင် ခန္ဓာကိုယ်အတွင်းပိုင်းမှာ အားလုံး ကောင်းမွန်နေတယ်လို့ ယူဆလို့ မရကြောင်း ဒါဝီကာက ထောက်ပြခဲ့ပြီး လူတိုင်း ပုံမှန်ဆေးစစ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆေးစစ်ရလဒ်တွေအရ သူ့အမေလည်း ကိုလက်စထရော များနေလို့ ဆရာဝန် ညွှန်းတဲ့ဆေးတွေ သောက်နေရကြောင်း၊ မိခင်အတွက် စိုးရိမ်ကြောင်း သူက ဆက်ပြောပါတယ်။

လူတွေက အပိုငွေကြေး ကုန်ကျတာလို့ ယူဆပြီး ပုံမှန် ဆေးစစ်တာမျိုးတွေ မလုပ်ကြကြောင်း၊ ဒါပေမဲ့ ရောဂါတစ်ခုခု ရှိလာရင် စောစောသိထားတဲ့အခါ အချိန်မီ ကြိုတင်တုံ့ပြန် ကုသနိုင်လို့ ရလဒ်ပိုင်း အများကြီး အကျိုးရှိနိုင်ကြောင်း၊ ဒါကြောင့် နှစ်စဉ် ဆေးစစ်မှုတွေ လုပ်သင့်ကြောင်း ဒါဝီကာက တိုက်တွန်းသွားပါတယ်။

ဒါဗီကာရဲ့ အဓိကပြောချင်တဲ့အချက်ကတော့ ပိုက်ဆံကုန်မှာစိုးလို့ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုကို မကျော်လိုက်ပါနဲ့ ဆိုတာပါ။ ရောဂါပြဿနာတစ်ခုခုကို စောစောသိထားနိုင်ရင် အခြေအနေ ပိုဆိုးမလာခင် အချိန်မီ ကာကွယ်ကုသနိုင်ပြီး ရလဒ်ကလည်း အများကြီးကွာခြားနိုင်တယ်လို့ သူမက ပြောပါတယ်။

ကိုးကား: Thaigar

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတချို့မှာ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားပြီး ဒေသခံတွေအတွက် အထိတ်တလန့် ဖြစ်စရာတွေ ကြုံတွေ့ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

ကရင်တိုင်းရင်းသား ၂၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ပေးထားဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းသား တစ်ဦးစီက ခြိမ်းခြောက်မှုကြောင့် ထိုင်းစာသင်ကျောင်း တစ်ခုဟာ အတန်းတက် သင်ယူမှုတွေအစား အွန်လိုင်း သင်ကြားပို့ချမှုကို တစ်ရက်တာ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။