Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားတွေပြန်ပြင်ဖို့ ဒေသခံတွေအခက်တွေ့နေ

စစ်ကိုင်းတိုင်းက ရေဘေးသင့်ကျေးရွာတွေမှာ ပျက်စီးသွားတဲ့လမ်းတံတားတွေကို ပြန်ပြင်ဖို့ ကုန်ကျစရိတ်မတက်နိုင်တော့လို့ ဒေသခံတွေ သွားလာရေးအခက်အခဲတွေ့နေပါတယ်။

(ဝက်လက်မြို့နယ်အတွင်း ရေဘေးကြောင့် ပျက်စီးသွားသောလမ်းများအား တွေ့ရစဥ်။ ဓါတ်ပုံ-ဒေသခံ)

သြဂုတ် ၂၄၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းက ရေဘေးသင့်ကျေးရွာတွေမှာ ပျက်စီးသွားတဲ့လမ်းတံတားတွေကို ပြန်ပြင်ဖို့ ကုန်ကျစရိတ်မတက်နိုင်တော့လို့ ဒေသခံတွေ သွားလာရေးအခက်အခဲတွေ့နေပါတယ်။

သြဂုတ်လဆန်းပိုင်းကတည်းက ရေကြီးရေလျှံခဲ့တဲ့ စစ်ဘေးသင့်ဒေသ ဖြစ်တဲ့ စစ်ကိုင်းတိုင်းက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်၊ ဝက်လက်၊ ဒီပဲယင်း အစရှိတဲ့ မြို့နယ်တွေက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်ကျသွားပေမယ့် ရွာချင်းဆက်လမ်းတွေ၊ တာပေါင်လမ်းတွေနဲ့ ချောင်းကူးမြောင်းကူးတံတားတွေပါ ပျက်စီးသွားခဲ့ပြီး ပြုပြင်နိုင်ခြင်း မရှိ​​​သေးတာကြောင့် သွားလာရေးအခက်အခဲတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကျန်းမာရေး၊ သီးနှံထုတ်ရေးအတွက် အခက်အခဲတွေဖြစ်နေတယ်။ အဲဒီလမ်းတွေ ပြန်ပြင်မယ်ဆို ကုန်ကျစရိတ်ကလည်း များမှာကြောင့်မို့လို့ တောင်သူတွေ မတက်နိုင်ကြတော့ဘူး”လို့ ဝက်လက်မြို့နယ် ရေဘေးသင့်ဒေသက ပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ဝက်လက်နယ်ထဲမှာတင် ရေဘေးသင့်ကျေးရွာ ၂၅ရွာက လမ်းတွေ ရေတိုက်စားလို့ ပျက်စီးသွားခဲ့ပြီး ကုန်ကျစရိတ်မတက်နိုင်သေးလို့ မပြင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းသွားပေမယ့် ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​ခဲ့ပါတယ်။ စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေဘေးကြောင့် စုစုပေါင်း လူဦးရေ ၆၁၉,၇၆၈ ဦးခန့် ထိခိုက်ခံစားနေရပြီး သေဆုံးသူ ၃၂ ဦးနဲ့ပျောက်ဆုံးသူ ၂ ဦး ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေမှာ ဝမ်းရောဂါနဲ့ တခြားကူးစက်ရောဂါအချို့စတင်ဖြစ်ပွားနေပြီ ဘေးသင့်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာက လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ ဖြစ်ပေါ်နေတဲ့ရေးဘေးဟာ လက်ရှိမှာ ငသ်ိုင်း‌ချောင်းနဲ့ ရေကြည်မြို့နယ်အတွင်း အဆိုးရွားဆုံးကြုံတွေ့နေပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာသလို ပျောက်ဆုံးနေသူအချို့လည်း ရှိနေပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ရေကြီးနေချိန် ကလေး ၂ဦး ရေစီးထဲမျောပါပြီး ၁ဦးကို ဝါးရုံပင်ကြားမှာ ပြန်တွေ့ပေမယ့် ၁ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။