Connect with us

Hi, what are you looking for?

သတင်း

Tulsa ပွဲမှာ ဂစ်တာလေလံတင်ရရှိငွေတွေနဲ့ CDM တွေကို ပံ့ပိုးပေးခဲ့တဲ့ လင်းလင်း

အမေရိကန် နိုင်ငံ Tulsa မြို့မှာပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ တော်လှန်အနုပညာရှင်လင်းလင်းရဲ့ ဂစ်တာလေလံကရရှိတဲ့ငွေတွေကို CDM တွေအတွက်ပို့ဆောင်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

စက်တင်ဘာ-၃၀၊၂၀၂၆။ဆဏ်း/People’s Spring

အမေရိကန် နိုင်ငံ Tulsa မြို့မှာပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ တော်လှန်အနုပညာရှင်လင်းလင်းရဲ့ ဂစ်တာလေလံကရရှိတဲ့ငွေတွေကို CDM တွေအတွက်ပို့ဆောင်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

တက္ကသိုလ် နှင့်အခြေခံ, မူလတန်းပြ၊ အထက်တန်းပြ အမာခံ CDM ဆရာကြီး၊ ဆရာမကြီးများနှင့် အခြားCDM မိသားစုများထံသို့Tulsa မြို့ ရှိုးပွဲ ဂစ်တာလေလံမှ ရရှိသော တာဝန်ငွေများ ပေးအပ်ခဲ့ကြောင်းလင်းလင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေတဆင့် အသိပေးထားတာပါ။

တော်လှန်ရေးကာလမှာ ခြေတစ်ဖက်စွန့်ထားရတဲ့ ဆရာကြီး သွားလာရေးအဆင်ပြေဖို့ ဆိုင်ကယ်နဲ့ အတူ နေအိမ်ပြောင်းပေးတာ အခြား CDM မိသားစုတွေရဲ့ လိုအပ်ချက်တွေဖြည့်ပေးတာ၊ နေအိမ်အခက်အခဲဖြစ်နေသူတွေအတွက် အနည်းဆုံး ခြောက်လစာငှားပေးတာအပြင် အခြားလိုအပ်တာတွေလည်းထောက်ပံ့ပေးခဲ့တယ်လို့ လင်းလင်းက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“ဂစ်တာလေလံယူသွားတဲ့ ညီငယ်

တော်လှန်ပီတိပွားနိုင်ပါစေ။ဒါက ခင်များရဲ့ပါဝင်မှုကို ကျုပ်နဲ့မြေပြင်ရောင်းရင်းအချို့က ဝိုင်းရံရုံသက်သက်မျှပါ။” လို့ လင်းလင်းက ရေးသားထားပါတယ်။

ဖျော်ဖြေပွဲကို ၈ လေးလုံး နှစ်ပတ်လည် ဖြစ်တဲ့ ဩဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လင်းလင်းရဲ့ဂစ်တာကို CDM တွေကို ထောက်ပံ့ပေးဖို့ရည်ရွယ်ကာလေလံတင်ခဲ့တာဖြစ်ပါတယ်။

ဂစ်တာလေလံကို Tulsa မြို့ကလူငယ်တစ်ယောက်က အမေရိကန်ဒေါ်လာ ၃၀၀၀ နဲ့လေလံအောင်ခဲ့တာဖြစ်ပြီး ပွဲကိုလာရောက်သူတွေရဲ့ ပါဝင်မှုတွေကြောင့် CDM တွေအတွက် ‌ထောက်ပံ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၉၀၀ ရရှိခဲ့တယ်လို့ ပွဲကျင်းပတဲ့ Myanmar Community of Tulsa က အသိပေးထားပါတယ်။

ဒီပွဲက ချင်းပြည်နယ်ကစစ်‌ဘေးရှောင်တွေရဲ့ ကျန်းမာရေးအတွက်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ တခြား လိုအပ်တဲ့နေရာတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး ဒီပွဲကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ နှစ်သောင်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook