အောက်တိုဘာ-၁၇၊၂၀၂၆။People’s Spring
ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ ဆေးကုသမှု ကုန်ကျစရိတ် စုစုပေါင်းဟာ ၂၀၂၆ခုနှစ်အတွင်းမှာပဲ ဘတ် သန်း ၉၆၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။
ထိုင်းရဲ့ ပြည်သူ့ကျန်းမာရေး စနစ်မှာ မြန်မာနိုင်ငံသားတွေအတွက်အခုနှစ်ကျသင့်ငွေ စာရင်းရှင်း တန်ဖိုးက ဆယ်လခန့်မှာပဲဘတ် ၉၆၄.၂၅ သန်းထိ ရှိလာကြောင်း ထိုင်းပြည်သူ့ကျန်းမာရေး ဌာနရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။
အဲဒီထဲကအများစုကိုတော့လူနာတွေက စရိတ်အပြည့် ရှင်းလင်းပေးချေခဲ့တယ်လို့လည်း ဆိုပါတယ်။ စုစုပေါင်း ဘတ် ၈၆၃ သန်း၊ တစ်နည်းအားဖြင့် စာရင်းစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးကို အပြည့်အဝ ပေးချေခဲ့ကြပါတယ်။

Public Service Announcement
ဘတ် ၇၂.၃၂ သန်းစာအတွက်ကတော့ ပေးချေနိုင်စွမ်း မရှိခဲ့ကြဘဲ ၁၁.၅၂ သန်း အတွက်ကိုတော့တစ်ပိုင်းတစ်စပေးချေမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီစာရင်းက ကိန်းဂဏန်းတွေကိုကြည့်ပြီး ဘယ်သူတွေကစရိတ်ပေးချေမှု မရှိခဲ့ဘူးလဲ ဆိုတာမျိုး အလွယ်တကူ ကောက်ချက် မချသင့်ကြောင်း၊ စရိတ်ပေးချေမှုနဲ့ ပတ်သက်လို့ ကဏ္ဍအလိုက် ကွဲပြားတဲ့ အသေးစိတ် အခြေအနေတွေ အများကြီး ရှိနေကြောင်းလည်း အဲဒီ စာရင်းထဲမှာ မှတ်ချက် ထည့်သွင်း ဖော်ပြထားပါတယ်။
ကိုးကာ-Thaiger



















































