Connect with us

Hi, what are you looking for?

အတွေးအမြင်

မြန်မာအနုပညာရှင်များ၊ ပြည်ပဈေးကွက် နှင့် Boycott လှုပ်ရှားမှုအပေါ် သုံးသပ်ချက်

မြန်မာ့အနုပညာလောကဟာ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာတော့ ထုတ်လုပ်မှူအရရော၊ အနုပညာတန်ဖိုးနဲ့ ငွေကြေးရေး အမြတ်အစွန်းအရ အရ အကောင်းဆုံး အချိန်ဖြစ်ခဲ့တယ်ဆိုတာတော့ ငြင်းမရတဲ့အချက်တစ်ခုပဲ။ အဲဒါက ဘာလဲဆိုတော့ အခြေခံက လွတ်လပ်မှုပဲ။

​ဇော်လတ်​ရေးသားသည်။

မြန်မာ့အနုပညာလောကဟာ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာတော့ ထုတ်လုပ်မှူအရရော၊ အနုပညာတန်ဖိုးနဲ့ ငွေကြေးရေး အမြတ်အစွန်းအရ အရ အကောင်းဆုံး အချိန်ဖြစ်ခဲ့တယ်ဆိုတာတော့ ငြင်းမရတဲ့အချက်တစ်ခုပဲ။ အဲဒါက ဘာလဲဆိုတော့ အခြေခံက လွတ်လပ်မှုပဲ။

အနုပညာပေါ်မှာလွတ်လွတ်လပ်ဖန်တီးလို့ရတယ်။ ဆင်ဆာဆိုတာလည်းတော်တော်လေးကိုဖြေလျော့မှုရှိတယ်၊ ပညာတတ်လူလတ်တန်းစားတွေက မြန်မာရုပ်ရှင် အပါအဝင်ပြည်တွင်းအနုပညာကို ပြန်လည် စားသုံးလာကြတယ်။ တကယ်လည်း အဲဒီကာလမှာအင်မတန်ကိုလှုပ်လှုပ်ခတ်ခတ်ရှိခဲ့တယ်။ အင်မတန်ကောင်းမွန်ပြီး ပြည့်ပြည့်စုံစုံကြီးမဟုတ်တောင်သာသာယာယာအခြေအနေမျိုးကနေ ၂၀၂၁ အဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံရေးပြောင်းလဲမှုကနေတစ်ဆင့် လူမှူစီးပွားမတည်ငြိမ်မှုတွေ ၊ ဘယ်တုန်းကမှ မကြုံဘူးတဲ့ အခုလို ပြည်တွင်းစစ်အခြေအနေတွေအဲဒီအကျိုးဆက်တွေကြောင့် ဒီနေ့အချိန်အခါမှာတော့ “အနုပညာ” နဲ့ “နိုင်ငံရေး” တို့က ခွဲခြားခက်ခဲလာတဲ့ အခြေအနေမျိုးထိ ဖြစ်လာတာပဲ။

●အနုပညာစျေးကွက် ( ပြည်တွင်း နဲ့ ပြည်ပစျေးကွက် )

Public Service Announcement

Public Service Announcement

အဲဒီကာလမတိုင်ခင်(၂၀၁၅ မတိုင်ခင်)ကနိုင်ငံခြားစျေးကွက်ထက် ပြည်တွင်းစျေးကွက်နဲ့ ပြည်တွင်း ပရိသတ်အပေါ်မှာ အဓိက အားထားနေတဲ့ အခြေအနေတစ်ခုပါ၊ အဲဒီကနေအနုပညာကိုအခြေခံတဲ့ ထုတ်လုပ်သူအသစ်တွေ ပေါ်ပေါက်လာသလို၊ ဒါကို စီးပွားဖြစ်လုပ်ရင်ဖြင့်ငွေကတစ်ခြား စီးပွားရေးလုပ်ငန်းထက်စာရင် ငွေအမြတ်အစွန်း မြန်မြန်ရနိုင်တယ်ဆိုတဲ့စီးပွားရေးဆန်ဆန်လုပ်လာတဲ့ ထုတ်လုပ်သူတွေ ပေါ်ပေါက်လာသလို၊ ပြည်တွင်း အနုပညာရှင်တွေကလည်း သူတို့အောင်မြင်ကျော်ကြားမှုကို ပြည်တွင်းကနေ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံထိ အောင်မြင်ကျော်ကြားချင်လာကြသလို တစ်ချို့ဆို ဟောလိဝုဒ်ထိသွားချင်ကြတဲ့ အိပ်မက်အထိ ဖြစ်လာကြတယ်။ အဲဒီကနေ ပြည်တွင်းစျေးကွက်တင်မဟုတ်တော့ဘဲပြည်ပစျေးကွက်ကို ပါထိုးဖောက်လာဖို့ကြိုးစားလာကြတယ်။ ပြည်ပထုတ်သူတစ်ချို့နဲ့ ပူပေါင်းပြီးထုတ်လုပ်လာမှု တွေရှိခဲ့သလိုNetflix လိုမျိုးမှာအထိကိုယ်ဇာတ်ကားကိုပါလာဖို့ ကြိုးစားလာတာတွေလည်းရှိလာပါတယ်။

ဒါ့အပြင်ရုပ်ရှင်ရုံအသစ်တွေများများနဲ့မြန်မြန်ပေါ်ပေါက်လာပြီးအဲဒီရုပ်ရှင်ရုံအတွက်ရင်းနှီးမြှပ်နှံတဲ့လူသစ်တွေ ထပ်ဝင်လာသလို၊အွန်လိုင်းကနေ ပြသနိုင်ဖို့အတွက် Online Application တွေကနေတစ်ဆင့် စျေးကွက်ကို ချဲ့ထွင်လာကြတာမျိုးတွေ၊ တစ်ချို့ အနုပညာ၊ စီးပွားရေး နဲ့ နည်းပညာကို နားလည်တဲ့လူတွေပူးပေါင်းပြီးတစ်ဦးချင်း၊တစ်ဖွဲ့ချင်းဆီကနေ content တွေကို ဖန်တီးထုတ်လုပ်လာပြီးအွန်လိုင်းပလက်ဖောင်းတွေကနေ(Monetization)ငွေရှာလာကြပါတယ်။ Content အတွက်သော်လည်း​ကောင်း၊ ထုတ်လုပ်မှူ (preproducting & post poroduction) သော်လည်း​ကောင်း၊ သရုပ်ဆောင်မှူတွေသော်လည်း​ကောင်းချီးမွှမ်းသံ၊ ကဲ့ရဲ့သံ၊ ဝေဖန်သံတွေ မျိုးစုံနဲ့ ကြားထဲကနေ သမမျှတတဲ့ မီဒီယာဂေဟစနစ် ကြီးဆီဦးတည်နေခဲ့တာကတော့ငြင်းမရတဲ့ အချက်ပဲဖြစ်ပါတယ်၊ ဒီနေရာမှာမီဒီယာဂေဟစနစ်ကြီး ပြောလိုက်တာမှာ မီဒီယာဆိုတာက သတင်းမီဒီယာ တစ်ခုတည်းမဟုတ်ဘဲ၊ ရုပ်ရှင်၊ဂီတ၊ သဘင်နဲ့ စာပေ ဆိုတာတစ်ခုလုံးကိုပါ။

အဲဒီလို အခြေအနေမျိူးကနေ ယခုကာလမှာတော့ ပြည်တွင်းထုတ်လုပ်မှူတွေကပြည်တွင်းပရိသတ်ပေါ်မှာ အဓိက အားထားရတဲ့ အနေ အထားမျိုးထိဖြစ်လာပါတယ်။အဲဒီကနေလက်ရှိနိုင်ငံရေးအကျပ်အတည်းကို နည်းလမ်းမမှန်တဲ့ ဖြေရှင်းမှုမျိူး နဲ့ အသွင်ဆောင်လာတဲ့ လှူပ်ရှားမှူတစ်ခုလုပ်ချင်လာတဲ့အခါ (Normalization) ပွဲလမ်းသဘင်မျိုးစုံ နဲ့ အသွင်ယူတင်ဆက်လာကြပါတယ်။သီချင်း၊ ဇာတ်လမ်း၊ ဟာသ၊ YouTube content တို့မှာပါ “ပြည်တွင်းပရိသတ်” သည် အဓိကလှုပ်ရှားမှုဖြစ်နေဆဲပါ။ဒါကြောင့် local pressureဒဏ် (နိုင်ငံရေးနဲ့ ပြည်တွင်းစစ်ဒဏ်) တစ်ခုတက်လာမယ်ဆိုရင်ဈေးကွက်တစ်ခုပင် လျော့တတ်လာပါတယ်။အဲဒီလိုအခြေအနေမျိူးဖြစ်လာရင်းက နောက်ဆက်တွဲ အကျိုးဆက်ကို အခုခံစားနေရတာပါ။

●Boycott လှုပ်ရှားမှူနဲ့ ပရိသတ်ကြားက အသံ

နောက်ပိုင်း boycott လှုပ်ရှားမှုတွေဟာအနုပညာရှင်အချို့အပေါ် အင်မတန် ပြင်းထန်လာပါတယ်။ ပရိသတ်တချို့ရဲ့အနုပညာနဲ့ နိုင်ငံရေးဆက်စပ် အမြင်တွေကြောင့်တစ်ချို့အနုပညာရှင်တွေအတွက် အနုပညာအလုပ်ကို ဆက်လုပ်ဖို့အခက်အခဲကြုံလာကြပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးနဲ့ လုံးဝ မဆက်စပ်ဘဲ အနုပညာသက်သက်လုပ်ချင်ပေမဲ့ စျေးကွက် အရရော၊ စီးပွားရေးအရရောက အခြေအနေတော်တော်ဆိုးတဲ့ အနေအထားဖြစ်တာကြောင့် အနုပညာနဲ့ အသက်မွေးဝမ်းကြောင်းဖို့ ခက်ခဲတဲ့အနေအထားမျိုးထိရင်ဆိုင်ကြုံတွေ့လာရပါတယ်။

အဲဒီလိုအခြေအနေမျိူးအောက်မှာအနုပညာရှင်တချို့ အိမ်နီးချင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတချို့မှာ ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် ဖျော်ဖြေရေးခရီးထွက်တာတွေ၊ တိုးချဲ့ချင်တာတွေကရှိနေပေမဲ့ နိုင်ငံခြားရောက်မြန်မာပရိသတ်ပေါ်မှာလည်း မယုံမရဲ နဲ့ ကြောက်နေတာတွေလည်းရှိပါတယ်။

ဒါကလည်းတစ်ဖက်မှာတော်လှန်ရေးအတွက် အကျိုးပြုနေတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ အနုပညာထုတ်ကုန်တွေကို ပြည်ပရောက်မြန်မာပရိသတ်တွေက အားသွန်ခွန်စိုက်အားပေးနေတာတွေကြောင့်လည်းပါ ပါတယ်။

ဆိုတော့ ပြည်တွင်းအနုပညာထုတ်ကုန်တွေ (အနုပညာစံမီတာ မမီတာခဏထား) ပြည်ပစျေးကွက်အတွက် အခွင့်အလမ်းက အင်မတန်နည်းသွားပြီး မရှိသလောက်ကို ဖြစ်သွားပါတယ်။

●အနုပညာသည် အနုပညာအတွက်လား၊ ပြည်သူအတွက်လား ခေါင်းစဉ်အောက် အဓိကအရင်းမြစ်ပြသာနာ (Rootcause)

ဒါက ပေါ်ယံ အခြေအနေမျိုးပါအဲဒီမှာလည်း အင်မတန်ရှုပ်ထွေး အခြေအနေမျိုးတွေလည်း ရှိလာပါတယ်။ တစ်ချို့ဆို ငွေဖြူငွေမဲဖော်ဖို့အတွက် အကောင်းဆုံးနေရာလိုမျိုးဖြစ်စဉ်းစားလာပြီးတကယ်လည်းMoney Laundary လုပ်လာတဲ့အုပ်စုတွေ အနုပညာထက် ကျော်ကြားမှူကို လိုချင်လာတဲ့ လူတွေ အဏာအတွက် အသုံးချတဲ့ အုပ်စုတွေ ဒါတွေရှိလာပါတယ်။ အထူးသဖြင်၁၉၆၂ ခုနှစ်နောက်ပိုင်း အနုပညာသည် အနုပညာအတွက် အစား အနုပညာသည် ပြည်သူအတွက်ဆို ဂျင်းတွေ ထည့်ခဲ့တဲ့ အချိန်ကစပြီး အနုပညာကို Propaganda(ဝါဒဖြန့်ချီ​ရေး) အတွက် အလွန်အကျွံ အသုံးချလာတာတွေ ဉီးသန်းရွှေခေတ်မှာဆိုရင် ကြံ့ခိုင်ရေးကားတွေ အနုပညာရှင်တွေကလည်း လှိုက်လှိုက်လှဲလှဲကို ပါဝင်လာတယ် အဲဒီမှာ CDMA ဖုန်းတွေ၊ ခြင်းဖုန်းလို့ခေါ်တဲ့ဖုန်းတွေ Handphone လိုဟာမျိုးတွေကို ခက်ခဲအောင်လုပ်ထားပြီးမှ သူတို့တွေကိုပါမစ်တွေနဲ့ ချပေးတာတွေ ၊ဘယ်ပေါ် လစီကားရိုက်ရင်ဘယ်လိုပေးတယ်မျိုးဟာတွေထိ ဖြစ်လာခဲ့တာပဲ။နောက်ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းလက်ထက်မှာဆို မီဒီယာကို မီဒီယာနဲ့ တိုက် ဆိုတာမျိူးတွေအထိ တလွဲအသုံးချလာရင်း မီဒီဂေဟစနစ်ကြီး တစ်ခုလုံးက အသုံးချခံဖြစ်လာပါတယ်။ ဒါဟာ အာဏာရှင်စနစ်ရဲ့ ထုတ်ကုန်တစ်ခု၊ အကျိုးဆက်ပဲဖြစ်ပါတယ်နောက်ဆက်တွဲအနေနဲ့ အခုလို လက်အရှိကာလခြေအနေမျိုးထိတွန်းပို့လိုက်တဲ့ အဓိက ပြဿနာအရင်းခံကတော့ စစ်အုပ်ပဲ။

●တစ်ချိန်တည်းမှာပဲ အနုပညာသည် အနုပညာအတွက် လား ပြည်သူအတွက်လား ခဏထား၊ အနုပညာရှင်/သယ် နဲ့ အနုပညာ စစ် မစစ် ဆိုတာတွေမှာ အငြင်းပွားဖွယ်ရာတွေလည်းရှိပါသေးတယ်။

ခေတ်အဆက်ဆက်အဏာသိမ်းစစ်အုပ်စုကြောင့် အနုပညာစစ်စစ်ကိုတင်ပြဖို့အခွင့်အလမ်း ဘယ်တုန်းကမရခဲ့ဘူး။ အနုပညာဖန်တီးထုတ်မှူတွေကိုလည်း ပိတ်ပြစ်ခဲ့တာတွေဥပမာ အများကြီးရှိပါတယ်။ အဲဒီကနေအနုပညာအမည်ခံ ကိုယ်ကျိုးစီးပွားရေးတွေကိုလုပ်လာခဲ့ကြတာပါ။ ကိုတစ်ကိုယ်စာကောင်းစားရေး အတွက်အနုပညာကို ဗန်းပြပြီး စစ်အဏာရှင်တွေ ပေါင်းပြီးလုပ်စားခဲ့ကြတယ် အဲလိုလူတွေကို အနုပညာ(သယ်)၊ အနုပညာရှင်လို့လည်း မခေါ်ထိုက်ဘူး။သူတို့ဟာ သူတို့ကိုယ်သူတို့အဖြူရောင်တွေ၊အနီရောင်တွေ၊အစိမ်းရောင်တွေ မဟုတ်ပါဘူး ၊အရောင်မဲ့ အနုပညာရှင်တွေပါတဲ့။ တကယ်တန်းအရောင်မရှိတာလည်း မဟုတ်ဘူး အရောင်မဲ့အနုပညာရှင်လည်းမဟုတ်ဘူး လူထုပေါ်မှာ ကိုယ်ချင်းစာနာမှုနဲ့ စဉ်းစားတွေးခေါ်တွေးနိုင်စွမ်းမရှိတဲ့လူတန်းစားတစ်ရပ်ပါ။ အဲဒါကြောင့်လည်း အခုလိုစစ်အဏာရှင်အပါအဝင် အဏာရှင်မှန်သမျှ နဲ့ ပူပေါင်းဖို့ ဝန်မလေးကြဘူး။

ကျော်ကြားမှူနဲ့ ငွေကြေးအတွက်ဆိုကျားဖြန့်အတွက်သော်လည်း​ကောင်း၊ မူယစ်ရာဇာတွေနဲ့သော်လည်း​ကောင်း ပူပေါင်းဖို့ ဘယ်တော့မှမတွေဝေသလို ဘယ်တော့မှလည်း ဝန်မလေးတဲ့သူတွေပဲ ဖြစ်လာတာပါ။ ဒီနေရာမှာ အနုပညာရှင်/သယ် နဲ့ အနုပညာ ကို အတွေးခေါ်ပညာရှင် ပလေတို အပါအဝင် အတွေးခေါ်ပညာရှင်တွေများကြီးအဓိပ္ပာယ်ဖွင့်ဆိုကြတဲ့ထဲကမှ မြန်မာ့လူထုနဲ့ မြန်မာအနုပညာရှင်တွေအတွက် အနီးစပ်ဆုံး ကောက်နှုတ်ချက်တစ်ခုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ” NLD ခရီးရှည်ဖြတ်သန်းမှူ အစီအစဉ်” ဆိုတဲ့ အွန်မှာလိုင်းအစီစဉ်ထဲကမှ ၂၀၂၀ ၊စက်တင်ဘာ ၂၂ရက်နေ့က ပန်းရဲ့လမ်း ပဲ့ကိုင်ရှင်ကိုရဲလွင် နဲ့ တွေ့ဆုံခန်းအစီအစဉ်မှာ အနုပညာရှင်နဲ့ နိုင်ငံရေးဆိုင်လား မဆိုင်ဘူးလား ဆွေးနွေးချက်မှာ သူမက” တစ်ချို့က ဆိုတယ် အနုပညာရှင်ဆိုတာ အနုပညာသက်သက်နဲ့ပဲ ဆိုင်တယ်၊ နိုင်ငံရေးတွေမှာမပါဝင်ရဘူးဆိုတဲ့ အမြင်တစ်ခုရှိတယ်၊အဲဒါကို ကျွန်မအနေနဲ့ လုံးဝ သဘောမတူဘူး၊ ဘာလို့လဲဆိုတော့အနုပညာဆိုတာ ဘာလဲ ?

အနုပညာဆိုတာ သဘာဝကနေ ဖန်တီးယူတာ၊ဘဘာဝကို သဘာဝအတိုင်းထားမယ်ဆိုရင် အနုပညာ မပါ ပါဘူး။

သဘာဝပေါ်ကနေ အခြေခံပြီး ဖန်တီးယူတဲ့ အင်အား၊ ဖန်တီးယူနိုင်တဲ့ ပညာ ပေါ့ အဲဒါ အနုပညာပါပဲ။

အဲဒီတော့ သဘာဝက ဖန်တီးလာတဲ့ လူ့အဖွဲ့အစည်းမှာ၊ လူ့အဖွဲ့အစည်းဆိုတာလည်း သဘာဝကနေ ပေါက်ဖွားလာတာပဲ၊ လူတွေဖန်တီးလာတာပဲ။

အဲဒီတော့ လူအဖွဲ့စည်းရဲ့ အဖြစ်ပျက်တွေမှာ မပါဝင်ဘူးဆိုရင် အနုပညာရှင် ပြည့်ပြည့်စုံစုံ မပီသဘူးလို့ ကျမကတော့ ဒီလိုပဲမြင်တာပဲ။

ဒါကြောင့်မို့ အနုပညာရှင်တွေနဲ့လည်း နိုင်ငံရေးက အင်မတန်မှ ဆိုင်ပါတယ်။

နိုင်ငံရေးမှာလည်း မှန်မှန်ကန်ကန် လုပ်ရဲတဲ့ တကယ်ကို လုပ်တဲ့ အနုပညာရှင်တွေဆို

ကျွန်မ အင်မတန် တန်ဖိုးထားပါတယ်၊ပြည်သူတွေကလည်း အင်မတန်မှ တန်ဖိုးထားပါတယ်”

ဆိုပြီး အဲဒီလိုဆွေးနွေးခဲ့ပါတယ်။

●အနာဂတ်အတွက် အမြင်သစ်

Boycott လှုပ်ရှားမှူက စစ်အဏာရှင်စနစ်နဲ့ စစ်အာဏာရှင်ကို တစ်နည်းတစ်ဖုံနဲ့ ထောက်ပံ့နေတဲ့ အနုပညာနဲ့ ဆက်စပ်တဲ့လူတွေအတွက် တကယ်အကျပ်အတည်းဖြစ်ပေါ်စေပြီး အကြောင်းတရားရှိတဲ့ ဆန္နထုတ်ဖော်မှူတစ်ခု ဖြစ်ပေမဲ့ တစ်ဖက်စွန်းရောက်သွားခဲ့ရင်အနုပညာလောကအတွက် အတားအဆီးတစ်ခုဖြစ်လာနိုင်ပါတယ်။

ဒီနေရာမှာ ရုပ်ရှင်ပွဲတော်တစ်ခုမှာဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ အနုပညာရှင်တွေအနေနဲ့ “ လွတ်လပ်ခြင်းက အဓိကလား၊ အနုပညာက အဓိကလား” ဆိုတာမှာအဲဒီနှစ်ခုက ဒွန့်တွဲနေတာပါ လွတ်လပ်ခြင်းရှိမှသာ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်လို့ရမှာပါ၊

Free Art, Free Thought, FreedomFree Art – လွတ်လပ်တဲ့ အနုပညာ၊ နုပညာ လွတ်လပ်မှု၊Free Thought – လွတ်လပ်တဲ့အတွေးအခေါ်၊ အတွေးအခေါ်လွတ်လပ်မှု၊အဲဒါမှ စစ်မှန်တဲ့ လွတ်လပ်မှူကို ကျွန်မတို့ ဦးတည်မှာဖြစ်ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။အဲဒီတော့ တော်လှန်ရေးနဲ့ အတူ ကြားကာလအစိုးရ၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရစီနိုင်ငံပေါ်ပေါက်လာခဲ့ရင် အနုပညာရဲ့အဓိပ္ပာယ်နဲ့တန်ဖိုးကို ပြန်လည်ထူထောင်ဖို့လိုအပ်သလို တက်လာသမျှအစိုးရများရဲ့အသုံးချခံ မဖြစ်ဖို့အတွက်လွတ်လပ်တဲ့ မီဒီယာဂေဟစန်စ်နဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း (Indepedent Body)တွေဖြစ်ဖို့အရေးကြီးပါတယ်။ဒါမျိူးဖြစ်လာဖို့ကလည်းအာဏာရှင်စနစ်အောက်မှာ ဘယ်လိုမှ ဖြစ်လာမှာမဟုတ်သလို ပြည်သူထိန်းကြောင်းနိုင်မဲ့ ပြည်သူလိုလားတဲ့ ဒီမိုကရေစီ အစိုးရအောက်မှသာဖြစ်လာနိုင်မှာပါ ။

အဲဒီလိုအခြေအနေမျိးရောက်မှသာ အနုပညာရှင်တွေအနေနဲ့လည်းသန့်ရှင်ပြီးအင်မတန်ကောင်းမွန်တဲ့ အနုပညာတွေ ဆက်ဖန်တီးနိုင်ပြီး ၊ အနာဂတ်မှာ အင်အားကောင်းတဲ့ တကယ့်လွတ်လပ်တဲ့ အနုပညာရပ်ဝန်းထွန်းကားလာမှာပါ။

အနုပညာဟာနိုင်ငံရေးထက်ကျယ်ပြန့်တဲ့ စိတ်နှလုံးအတွင်းကကဗျာတစ်ခုပဲဖြစ်သင့်တယ်။

ဆက်စပ်သတင်းများ