John Doe ရေးသားသည်။
ခေတ်ပြိုင်နိုင်ငံတကာအရေးအခင်းတွေကိုကြည့်တဲ့အခါ၁၉၃၀ကျော်ကကမ္ဘာနိုင်ငံရေးကိုပြန်သတိရမိပါတယ်။သတိရမိတယ်ဆိုပေမယ့် အဲဒီအချိန်တုန်းကစာရေးသူမရှိခဲ့ပါဘူး။သမိုင်းစာအုပ်တွေကတဆင့် ပြန်လေ့လာခဲ့ရတာပါ။
၁၉၃၀ကျော်ဆိုတော့ဂျာမဏီမှာဟစ်တလာခေါင်းထောင်လာတဲ့အချိန်ပေါ့။တတိယ အဖဂျာမဏီနိုင်ငံတော်ကြီးကိုတည်ထောင်မယ်ပေါ့။ဂျာမန်တွေဟာလူမျိုးအားလုံးထဲမှာအသန့်စင်ဆုံးနဲ့၊အမြတ်ဆုံးမျိုးရိုးပေါ့။ဥရောပကိုဂျာမန်တွေပိုင်ဆိုင်ရမယ်ပေါ့။
ဒီလိုစကားတွေကြားဖူးသလိုလိုရှိမယ်ထင်ပါတယ်။ဒီဖက်ခေတ်မှာရုရှဆိုတဲ့နိုင်ငံကဗလာဒီမာပူတင်ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်အိပ်ယာကလန့်နိုးရင်ကယောင်ကတမ်းပြောလေ့ရှိတဲ့စကားတွေပါ။လွန်ခဲ့တဲ့၇၂နာရီလောက်ကပဲဥရောပနဲ့စစ်ခင်းရမယ်ဆိုရင်အဆင်သင့်ပါပဲလို့ပြောလိုက်ပါတယ်။သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုလူတွေဟာလူ့ယဉ်ကျေးမှုအတွက်အင်မတန်အန္တရာယ်ကြီးပါတယ်။

Public Service Announcement
ပြဿနာက ဘယ်အခါမှာကြီးလာသလဲဆိုတော့ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့လူတွေခေါင်းထောင်လာတဲ့အချိန်မှာသူတို့ကိုတုန့်ပြန်နှိပ်ကွပ်ရမယ့်နိုင်ငံတွေမှာပျော့ညံ့တဲ့ခေါင်းဆောင်တွေအာဏာရနေတဲ့အချိန်နဲ့တိုက်ဆိုင်နေတာပါ။
ဆောင်းပါးရှင်ပြောချင်တဲ့၁၉၃၀ကျော်ခုနှစ်တွေကိုပြန်သတိရတယ်ဆိုတဲ့အချက်ကဒါပါပဲ။
Time Machineကိုစီးပြီးအတိတ်ကိုပြန်သွားကြည့်ရအောင်ပါ။၁၉၃၃ခုနှစ်မှာဟစ်တလာဟာဂျာမဏီရဲ့ အဓိပတိဖြစ်လာပါတယ်။ပထမကမ္ဘာစစ်အပြီးမှာချုပ်ဆိုတဲ့ဗာဆိုင်းစာချုပ်မှာစစ်ရှုံးတဲ့ဂျာမဏီကို နောက်တစ်ကြိမ်ကမ္ဘာစစ်မဖြစ်ဖို့အတွက်လက်နက်ဖျက်သိမ်းတဲ့ (German Disarmament) အချက်ကိုထည့်သွင်းခဲ့ပါတယ်။ဟစ်တလာတက်လာတဲ့အခါဒီအချက်ကိုဖေါက်ဖျက်ပါတယ်။ဂျာမဏီစစ်အင်အားကိုအကြီးအကျယ်တိုးချဲ့ပါတယ်။
၁၉၃၇ခုနှစ်မှာကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နဗီးလ်ချိန်ဘာလိန်ဟာဗြိတိန်ရဲ့ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ဇါတ်လမ်းကစပါပြီ။ချိန်ဘာလိန်ကဂျာမဏီနဲ့မိတ်ဖွဲ့ပြီးအဆင်ပြေအောင်နေပါတယ်။ဗာဆိုင်းစာချုပ်အရစစ်နိုင်တဲ့မဟာမိတ်နိုင်ငံတွေအုပ်ချုပ်တဲ့ရိုင်းလင်းဒေသကို၁၉၃၆မှာဟစ်တလာကဝင်သိမ်းပါတယ်။ ဗာဆိုင်းစာချုပ်ကိုပြောင်ပြောင်ချိုးဖေါက်တာပါပဲ။ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတဲ့ချိန်ဘာလိန်ဟာ ဒီလောက်ဆိုရင်ဂျာမန်တွေကျေနပ်သွားမှာပဲဆိုပြီးအလျှော့ပေးခဲ့ပါတယ်။
ဟစ်တလာကတော့ပျော့ညံ့တဲ့ဥရောပခေါင်းဆောင်တွေရဲ့အားနည်းချက်ကိုသွေးတိုးစမ်းပြီးသွားပါပြီ။
“ခြိမ်းခြောက်တာတွေ၊သတိပေးတာတွေနဲ့ ကျုပ်ကိုတားမြစ်လို့ရမှာမဟုတ်ဘူး”လို့သူမိန့်ခွန်းပြော ဟိန်းဟောက်ခဲ့ပါတယ်။ဒီအချိန်မှာအီတလီမှာလည်းအမျိုးသားဖက်ဆစ်ပါတီခေါင်းဆောင်ဘင်နီတို မူဆိုလီနီကအာဏာရနေပါတယ်။ဥရောပရဲ့ကောင်းကင်ဟာမဲမှောင်နေခဲ့ပါပြီ။ဗြိတိန်ဝန်ကြီးချုပ်ချိန်ဘာလိန်ရဲ့နိုင်ငံခြားရေးမူဝါဒကတော့အလျှော့ပေးဆက်ဆံရေး(Appeasement)ပဲဖြစ်ပါတယ်။
ကမ္ဘာစစ်ကြီးထပ်မဖြစ်အောင်ငြိမ်းချမ်းရေးကိုဦးတည်ပါတယ်ပေါ့။ ၁၇ စက်တင်ဘာ ၁၉၃၈မှာ နာဇီဂျာမဏီက ချက်ကိုစလိုဗက်ကီးယားကိုဝင်တိုက်ပါတယ်။ ၃၀ စက်တင်ဘာမှာ ဂျာမဏီ၊ဖက်ဆစ်အီတလီ၊ဗြိတိန်နဲ့ပြင်သစ်တို့မြူးနစ်သဘောတူစာချုပ်(Munich Agreement)ကို ချုပ်ဆိုခဲ့ပါတယ်။ နာဇီနဲ့ဖက်ဆစ်တွေကိုအလျှော့ပေးတဲ့မြူးနစ်စာချုပ်ကိုဗြိတိန်ကလေဘာပါတီနဲ့နောင်တစ်ချိန် မှာကွန်ဆာဗေးတစ်ဝန်ကြီးချုပ်ဖြစ်လာမယ့်ဝင်စတန်ချာချီကအပြင်းအထန်ဆန်ကျင်ခဲ့ပါတယ်။စာချုပ်အရချက်ကိုစလိုဗက်ကီးယားရဲ့တစ်စိတ်တစ်ပိုင်းကိုဂျာမဏီကိုပေးခဲ့ပါတယ်။ ဒါကြောင့်ဒီစာချုပ်ကို ”မြူးနစ်သစ္စာဖေါက်မှု”လို့နောက်ပိုင်းမှာခေါ်ဝေါ်ခဲ့ကြပါတယ်။
ဟစ်တလာဟာ ချိန်ဘာလိန်မှာ သွေးမရှိဘူးဆိုတာကိုသိသွားပါပြီ။ပိုလန်ကတော့သူ့အလှည့်လာတော့မယ်ဆိုတာကိုကြိုသိရှာပါတယ်။နောက်ဆုံးတော့၁၉၃၉ စက်တင်ဘာ၁၇ရက်နေ့မှာဂျာမဏီကပိုလန်ကိုကျူးကျော်ဝင်တိုက်ခဲ့ပါတယ်။ပိုလန်ဟာသူ့မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့အကူအညီကိုမျှော်နေခဲ့ရှာပါတယ်။၂ရက်အကြာမှချိန်ဘာလိန်ကဂျာမဏီကိုစစ်ကြေညာပြီးဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပါတယ်။
ဒီနေရာမှာအခုဆောင်းပါးခေါင်းစဉ်ဖြစ်တဲ့”အသုံးတည့်တဲ့လူအ” (Useful Idiot)ဆိုတဲ့စကားလုံးနဲ့ ပက်သက်လို့နည်းနည်းဆွေးနွေးချင်ပါတယ်။ဒီစကားကိုဆိုဗီယက်ကွန်မြူနစ်ခေါင်းဆောင်ကြီးလီနင်က စတင်သုံးစွဲခဲ့တယ်လို့တချို့ကပြောကြပါတယ်။ဒါပေမယ့်သူပြောခဲ့တယ်ဆိုတာကိုခိုင်မာတဲ့အထောက်အထားတော့မရှိပါဘူး။
နိုင်ငံရေးမှာဒီစကားရဲ့အဓိပ္ပါယ်ဟာဘုမသိဘမသိနဲ့နိုင်ငံရေးအခြေအနေကိုနားမလည်ပဲသူများဆီမှာ အသုံးချခံရတဲ့သူတွေကိုဆိုလိုတာဖြစ်ပါတယ်။အာဏာရှင်တွေဟာ Useful Idiot တွေကိုသိပ်သဘော ကျလေ့ရှိပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ချိန်ဘာလိန်ဟာဟစ်တလာအတွက်တော့”အသုံးတည့်တဲ့လူအ” အဖြစ်သမိုင်းမှာမှတ်တမ်းဝင်ပါတယ်။ ၁၉၄၀ မေလ မှာသူရာထူးကနှုတ်ထွက်ပေးပြီးဝင်စတန်ချာချီ ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ၁၉၄၀၊ဇွန်လ၄ရက်နေ့မှာချာချီကပါလီမန်မှာအခုလိုမိန့်ခွန်းပြောခဲ့ပါတယ်။
“ကျုပ်တို့အဆုံအထိဆက်သွားမယ်။ပြင်သစ်နိုင်ငံထဲမှာလည်းကျုပ်တို့တိုက်မယ်။ပင်လယ်၊သမုဒ္ဒရာထဲမှာလည်းတိုက်မယ်။ကောင်းကင်ပေါ်မှာလည်းယုံကြည်မှုအပြည့်နဲ့တိုက်မယ်။ကျုပ်တို့ကျွန်းကိုကျုပ်တို့ကာကွယ်မယ်။သဲသောင်ပြင်တွေပေါ်မှာလည်းတိုက်မယ်။မြေကြီးပေါ်မှာလည်း တိုက်မယ်။ ကွင်းပြင် တွေထဲမှာလမ်းတွေပေါ်မှာလည်းတိုက်မယ်။တောင်ကုန်းတွေပေါ်မှာလည်းတိုက်မယ်။ကျုပ်တို့ဘယ်တော့မှလက်နက်မချဘူး”ချာချီက ဒုတိယကမ္ဘစစ်ကို နိုင်တဲ့အထိဗြိတိန်ကိုဦးဆောင်သွားခဲ့ပါတယ်။
ဆောင်းပါးအစမှာပြောခဲ့တဲ့အတိတ်ကိုပြန်သတိရတယ်ဆိုတာဟာအခုအချိန်မှာ”အသုံးတည့်တဲ့လူအ”တစ်ယောက်ကိုတွေ့မိလို့ပါ။အမေရိကန်ပြည်ထောင်စုရဲ့သမ္မတဒေါ်နယ်ဂျွန်ထရမ့်ဖြစ်ပါတယ်။ရုရှ သမ္မတဗလာဒီမာပူတင်ကိုဟစ်တလာနဲ့နှိုင်းယှဉ်ကြရင်ထရမ့်ကိုချိန်ဘာလိန်နဲ့တင်စားရမှာပါ။ထရမ့်ကကိုယ့်ကျင့်တရားပိုဆိုးတာပဲကွာပါတယ်။
မတရားကျူးကျော်တဲ့ရုရှနဲ့အကျူးကျော်ခံရတဲ့ယူကရိန်းကိုစေ့စပ်ပေးတဲ့နေရာမှာ ယူကရိန်းရဲ့နယ်မြေ တွေကိုရုရှကိုပေးလိုက်ဖို့နဲ့ ယူကရိန်းစစ်တပ်ကိုအင်အားလျှော့ချပေးဖို့သူကတောင်းဆိုပါတယ်။အချက် ၂၈ချက်ပါတဲ့ကမ်းလှမ်းချက်ဟာကရင်မလင်ကရေးပေးလိုက်တဲ့အတိုင်းသူကကမ်းလှမ်းခဲ့တာပါ။
ဒေါ်နယ်ထရမ့်ဟာပူတင်အတွက်တော့ပြီးပြည့်စုံတဲ့ Useful Idiot ဖြစ်ပါတယ်။ချိန်ဘာလိန်နဲ့ကွာတာ ကတော့ထရမ့်ဟာသူလုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့်ပူတင့်ဆီမှာအနိုင်ကျင့်ခံရတာပါပဲ။ ၁၉၈၇ခုနှစ်မှာ ထရမ့် ဟာမော်စကိုကိုဆိုဗီယက်ထောက်လှမ်းရေးကေဂျီဘီရဲ့စပွန်ဆာနဲ့သွားခဲ့ပြီးပျော်ပါးခဲ့ပါတယ်။ ပူတင်ဟာကေဂျီဘီအရာရှိဟောင်းတစ်ဦးပါ။အဲဒီနောက်ပိုင်းမှာလည်းရုရှမာဖီးယားတွေရဲ့ပိုင်ဆိုင်မှုတွေကိုထရမ့်ကအမေရိကန်ပြည်ထောင်စုမှာငွေကြေးခဝါချပေးခဲ့ပါတယ်။(DWသတင်းဌာနရဲ့မှတ်တမ်းရုပ်ရှင်တွေကိုyoutubeမှာကြည့်လို့ရပါတယ်)
ရုရှနဲ့နယ်မြေချင်းနီးစပ်နေတဲ့ဖင်လန်တို့၊ဆွီဒင်တို့ဟာအမေရိကန်ပြည်ထောင်စုရဲ့အကူအညီကိုမယုံ ကြည်တော့ပါဘူး။ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကယူကရိန်းသမ္မတဇလန်စကီးကိုထရမ့်ဟာ သစ္စာဖေါက်လိမ့်မယ်လို့မကြာမီကသတိပေးခဲ့ပါတယ်။
ကမ္ဘာကြီးအတွက်ကတော့ယုတ်မာကောက်ကျစ်တဲ့အာဏာရှင်တွေနဲ့”အသုံးတည့်တဲ့လူအ”တွေ့ကြရင်ကံကောင်းခြင်းဟာပျောက်ဆုံးလေ့ရှိပါတယ်

















































