Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Latest

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

မေးမြန်းခန်း

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

မေးမြန်းခန်း

မြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့ ဒေသခံတွေ နဲ့ အရပ်ဘက်အဖွဲ့ ၄၉ဖွဲ့ရဲ့ ပြောခွင့်ရ မဆိုင်းမိုင်နဲ့ မေးမြန်းခန်း

ဆောင်းပါး

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

ဆောင်းပါး

ဇူလိုင်လ ၂၃ ရက်နေ့က ထားဝယ်မြို့မှာ မိုးဟာ မိုးရာသီပီသစွာ သည်းသည်းမည်းမည်းကြီးကို ရွာနေခဲ့တယ်။ ထား​ဝယ်ပညာ​ရေးကောလိပ်ထဲမှာလည်း မိုးစက်တွေဟာ သွန်ချသလို တဝေါဝေါရွာပြီး ကျောင်းဝင်းအနှံ့ မိုးစက်တွေ ခိုဆင်းနေခဲ့တယ်။

အတွေးအမြင်

အတွေးအမြင်

ဝမ်းသာစရာ သတင်းကောင်းပါ။ မြန်မာနိုင်ငံမှာ အနည်းဆုံးတော့ အရာအားလုံး မပြိုလဲသေးပါဘူး။ တည်ငြိမ်ခိုင်မြဲတာ တစ်ခုတော့ရှိနေပါပြီ။

ရသ

ရသစာတမ်းငယ်

ဒီနေရာဟာ တိဗက်ကုန်းပြင်မြင့်ရဲ့ အမြင့်ပေ မီတာ ၅,၀၀၀ ကျော်မှာ ရှိတယ်။ လေက ပါးပါးလေး တိုက်နေတယ်။ အဝေးမှာ ယက် (Yak) တွေ ကျက်စားနေကြတယ်။ ရေခဲတောင်အောက်ခြေက ရေစီးကြောင်းလေးတစ်ခုကတော့ တိတ်တိတ်လေး စီးနေတယ်။ သူ့နာမည် ယန်ဇီ မဟုတ်သေးဘူး။နောင်တစ်ချိန်မှာ အာရှရဲ့ အရှည်ဆုံးမြစ်ကြီးတစ်စင်း...

Public Service Announcement

သတင်း

တရုတ်အစိုးရလက်​ထောက်ဝန်ကြီးတစ်ဦး ထိုင်းနိုင်ငံမှာ ရောက်ရှိပြီး လှုပ်ရှားနေတာတွေဟာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေကို တိုက်ဖျက်ရေးအတွက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်း တစ်ရပ် ဖြစ်တယ်လို့ ထိုင်းဒုတိယ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ကောင်စီကိုခုခံတိုက်ခိုက်ရင်းကျဆုံးသွားသည့် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ် (ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး-ULF စစ်ကြောင်း ၊ Rural Rangers အဖွဲ့)မှ ရဲဘော်တစ်ဦး၏ ဈာပနမှတ်တမ်းဓာတ်ပုံများဖြစ်သည်။တိုက်ပွဲအတွင်း ကျဆုံးခဲ့သူသည်ULF ရဲဘော် လေးဝိုင်းဖြစ်ပြီး ၎င်း၏ ဈာပနအား ​ဖေ​ဖော်ဝါရီ ၁၇ ရက်​နေ့က ပြုလုပ်ခဲ့သည်။

သတင်း

အောင်လံမြို့တွင် စစ်မှုထမ်းရန်နေအိမ်ထဲဝင်ဖမ်းသည့် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပြန်လည်ခုခံခဲ့သည့်မိသားစု ဘေးကင်းလုံခြုံစွာရှိနေကြောင်းသရက်ခရိုင်အမှတ်(၂)တပ်ရင်း၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် -အောင်လံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရခိုင်ပြည်နယ်မှ မြို့သိမ်းတိုက်ပွဲများတွင် ဖမ်းမိထားသည့်စစ်သုံ့ပန်းများအား အာရက္ခတပ်တော် (AA)က ဆက်တိုက်ပြန်လွှတ်ပေးနေပြီး ယခုရက်ပိုင်းတွင် ဒုတိယ ရဲမှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့်မိသားစုဝင် ၂၀၀ခန့်ကို ထပ်မံလွှတ်ပေးလိုက်ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။

နိုင်ငံတကာ

အရပ်ဖက် သင်္ဘော တစ်စီးနဲ့ တိုက်မိခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောရဲ့ ကိုယ်ထည် ထိခိုက်မှု မှတ်တမ်း ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Facebook