Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ဖို့ မြောက်ကိုရီးယားက အပန်းဖြေ ကမ်းခြေသစ် ဖွင့်လှစ်

နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အပန်းဖြေ ကမ်းခြေ အသစ်ကို မြောက်ကိုရီးယားက ဖွင့်လှစ်ခဲ့ပါတယ်။

KCNA

နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အပန်းဖြေ ကမ်းခြေ အသစ်ကို မြောက်ကိုရီးယားက ဖွင့်လှစ်ခဲ့ပါတယ်။

နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုယ်တိုင် ဇွန်လ ၂၅ ရက်နေ့တုန်းက ကမ်းခြေသစ် ဖွင့်ပွဲကို တက်ရောက် ချီးမြှင့်ခဲ့ပြီး အခုနှစ်အတွက် နိုင်ငံရဲ့ အကြီးမားဆုံး အောင်မြင်မှု တစ်ခုအဖြစ် ညွှန်းဆိုခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီ ၄ ကီလိုမီတာ ရှည်လျားတဲ့ အပန်းဖြေကမ်းခြေ စီမံကိန်းဟာ နိုင်ငံရဲ့ အရှေ့ပိုင်းက ဝန်ဆန်ကယ်လ်မာ ကမ္ဘာလှည့်ခရီးသွား ဇုန်မှာ တည်ရှိပါတယ်။ ကင်မ်ဟာ ဇနီးဖြစ်သူ ရီဆိုလ်ဂျူ၊ သူ့နေရာကို ဆက်ခံမယ့်သူလို့ သတင်းကြီးနေတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအဲတို့နဲ့အတူ ကမ်းခြေ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဲဒီ အပန်းဖြေ ကမ်းခြေသစ်ဟာ ဧည့်သည် ၂၀၀၀၀ လောက်ကို တပြိုင်တည်း ကိုင်တွယ် ဝန်ဆောင်မှု ပေးနိုင်မှာဖြစ်ပြီး ဟိုတယ်တွေ၊ မိုတယ်တွေ၊ အားကစားရုံတွေ၊ အပန်းဖြေ ဇုန်နေရာတွေ၊ ရေကူးကန်တွေ၊ စားသောက်ဆိုင်တွေ ထည့်သွင်း တည်ဆောက်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

KCNAကတော့ အဲဒီ အပန်းဖြေ ကမ်းခြေဟာ တစ်နှစ်ပတ်လုံးမှာ ဧည့်သည်တွေကို ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်သလို နိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် စံပြုနမူနာ ဖြစ်လာမယ်လို့ ညွှန်းဆိုထားပါတယ်။

ကင်မ်က ကမ်းခြေသစ်ဟာ နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို ထိထိရောက်ရောက် ဦးဆောင်မှု ပေးနိုင်မယ်လို့ ပြောကြားသွားပါတယ်။ လာမယ့် အာဏာရ အလုပ်သမားပါတီ နဝမမြောက် ညီလာခံမှာလည်း နိုင်ငံအနှံ့ နောက်ထပ် အပန်းဖြေ ဇုန်တွေ ဖြန့်ကျက် တည်ဆောက်နိုင်ရေး စီမံကိန်းတွေကို ခွင့်ပြုပေးသွားဖွယ်ရှိကြောင်း ကင်မ်က အရိပ်အမြွက် ဆိုပါတယ်။

ကမ်းခြေသစ် ဖွင့်ပွဲ အခမ်းအနားကို ရုရှားသံအမတ်ကြီးနဲ့ သံအရာရှိတွေ တက်ရောက်ခဲ့ပြီး ရုရှား ကမ္ဘာလှည့် ခရီးသွားတွေကို အဓိက ပစ်မှတ်ထား ဆွဲဆောင်ဖို့ ရည်ရွယ်ထားကြောင်း မြင်သာစေခဲ့ပါတယ်။ အဲဒီ ကမ်းခြေသစ်မှာ ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်တာကိုတော့ ဇူလိုင် ၁ ရက်နေ့မှာ စတင် ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

ကိုးကား: Vibes

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

Facebook