Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့နဲ့အနီးဝန်းကျင်ရွာ​တွေကဖမ်းဆီးသွားသူ​တွေကို စစ်​ကောင်စီကပျူသင်တန်း‌​ပေးပြီးစစ်တိုက်ခိုင်းနေ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဖမ်းဆီးသွားတဲ့သူ တွေကို စစ်​တပ်က ပြန်မလွှတ်တော့ဘဲပျူစောထီးသင်တန်းတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

ဇွန် ၂၄ ရက်​နေ့မှာ ပျူ​စေထီးသင်တန်းဆင်းပွဲပြုလုပ်စဥ်။ဓါတ်ပုံ- စစ်​ကောင်စီ

ဇွန်-၂၅၊၂၀၂၅၊ရှိန်း/People Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဖမ်းဆီးသွားတဲ့သူ တွေကို စစ်​တပ်က ပြန်မလွှတ်တော့ဘဲပျူစောထီးသင်တန်းတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ဆုံးပတ်နဲ့ဖေဖော်ဝါရီလ တွေမှာ စစ်ကောင်စီတပ်က ဇီးကုန်းမြို့ပေါ် နဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို အင်အားအလုံးအရင်း သုံးကာ ပေါ်တာဝင်ဆွဲခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ် ။ မြို့​ပေါ်မှာဆိုရင် နေအိမ်တွေ၊ဈေးတွေထဲအထိဝင်ပြီး ​ပေါ်တာဆွဲခဲ့တယ်လို့သိရပါတယ် ။

‌ဇီးကုန်မြို့နဲ့ပတ်ဝန်းကျင် ကျေးရွာတွေက​နေ အမျိုးသား ၁၀၀ ဝန်းကျင်အထိ ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး တချို့ကိုပါ ​စစ်တပ်က ​ပေါ်တာဆွဲသွားခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

​ပေါ်တာဆွဲခံရတဲ့ သူကို အမှတ်(၁)သကြားစက်ရုံကနေ တဆင့် ၆၀၀၆တပ်ထဲကို ပို့ဆောင်ခဲ့ပြီး စစ်သင်တန်း ပေးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့တာဝန်ခံက​ပြောပါတယ်။

“ပြီးခဲ့တဲ့လက ထိုးလာတဲ့စစ် ကြောင်းလေ။သင်တောကို ထိုးခဲ့တဲ့ စစ်ကြောင်းမှာလည်း ဒီလူတွေကို ထည့်သုံးတယ်လို့သိရတယ်။အခုလည်း ၂၄

ရက်(ဇွန်) နေ့ကသင်တန်းထပ်ဆင်းတယ်။အများစုက ပေါ်တာဆွဲခံရတဲ့လူတွေလို့ တော့ ကျွန် တော်တို့သတင်းရထားတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ချပ်သင်းမြို့နယ်တို့ကနေ စစ်ကောင်စီက ပျူစောထီးအင်အားတွေသုံးကာ ကန့်ဘလူနဲ့ ကောလင်းမြို့ကြားက ​တော်လှန်​ရေးတပ်​တွေ စိုးမိုးထားတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားတာတွေလည်းရှိပြီး ကန့်ဘလူမြို့နယ်အတွင်းမှာလည်း မကြာခဏတိုက်ပွဲ တွေ ဖြစ်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။