နိုဝင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦးသေဆုံးခဲ့ရကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၈ရက်မနက်အစောပိုင်းမှာ လိုင်ဇာမြို့ကနေ ၂မိုင်ကျော်လောက်ဝေးတဲ့ အရပ်ဘက် ဘိန်းဖြတ်စခန်း တခုကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဘိန်းဖြတ်နေတဲ့ ပြည်သူလူထု ၁၀ဦးကျော် ဒဏ်ရာရပြီးမှ ၃ယောက်ကတော့ သေဆုံးသွားတဲ့ အခြေအနေဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံပျက်စီးမှုများလည်းရှိတယ်လို့ အသိပေးပါတယ်။
“အဲဒီနေရာမှာတော့ စစ်တပ်နဲ့ နီးတာလည်းမရှိဘူး။ တိုက်ပွဲလည်းမရှိဘူး။ ပြည်သူလူထုကို သီးသန့် ဘိန်းဖြတ်တဲ့နေရာပဲဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်သတင်းရင်းမြစ်တစ်ဦးကတော့ စစ်တပ်ဟာ KIAနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်မျက်နှာတွေမှာ အထိနာတာကြောင့် အရပ်သားတွေကို အခုလို ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်နိုင်ကြောင်း ပြောကြားပါတယ်။


























































