နိုဝင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
မကွေးဖက်ဒရယ်ယူနစ်၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်တပ် လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) က ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ နိုဝင်ဘာ ၂၆ရက်က အင်ရုံကျေးရွာမှာ အလှူပွဲ ပြုလုပ်နေစဉ် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာ၊ အသေခံ ဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့လို့ ကလေးငယ် အများအပြား အပါအဝင် ပြည်သူ သေဆုံးထိခိုက်များပြားခဲ့ပါတယ်။ NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကနဦး သတင်းထုတ်ပြန်ချက်မှာ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၂၀ဦး ၊ ဒဏ်ရာရသူ ၂၁ဦး ရှိကြောင်း ဖော်ပြထားပေမဲ့ ဒေသခံတွေကတော့ သေဆုံးသူတွေဟာ ၅၀ ဦးဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်များနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိသူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့ထားပါတယ်။

Public Service Announcement
” အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့အရပ်သားများအပေါ် ထပ်ခါထပ်ခါ ကျူးလွန် လျက်ရှိသည့် စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချသည်” လို့ ဖော်ပြထားပါတယ်။
ချင်းအမျိုးသားတပ်ဦးအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနုဲ့ ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးအတွက် ဘုံရည်မှန်းချက်တူညီသော တော်လှန်ရေးအင်အားစု များနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။


























































