သတင်း
စစ်အုပ်စုအပေါ် အချိန်ပေး-စောင့်ကြည့်မည့် ကုလသမဂ္ဂအထူးသံတမန်နှင့် ကုလသမဂ္ဂ၏ လက်ရှိ ချဉ်းကပ်ပုံသည် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်း ရှိမည်မဟုတ်ကြောင်းကို ဆယ်စုနှစ်များစွာကတည်းက အထင်အရှား သက်သေပြခဲ့ပြီးလည်းဖြစ်သည်။
Hi, what are you looking for?
စစ်အုပ်စုအပေါ် အချိန်ပေး-စောင့်ကြည့်မည့် ကုလသမဂ္ဂအထူးသံတမန်နှင့် ကုလသမဂ္ဂ၏ လက်ရှိ ချဉ်းကပ်ပုံသည် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်း ရှိမည်မဟုတ်ကြောင်းကို ဆယ်စုနှစ်များစွာကတည်းက အထင်အရှား သက်သေပြခဲ့ပြီးလည်းဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် ထပ်တလဲလဲ ပျက် ကွက်နေပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ခရီးစဉ်သည်လည်း အားလုံးသ တိပေးနေသည့်ကြားမှပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း Progressive Voice က ဖော်ပြသည်။
အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို အရပ်သားနေအိမ်များမီးမရှို့ရန် တောင်းဆိုမှု ပြီးပြီးချင်းတွင်ပင် စစ်တပ်က မကွေးတိုင်းရှိ အိမ်ခြေ ၆၀၀ ကျယ်ဝန်းသောရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။
“လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်ရေးကို ကျွန်မ အလွန်ပဲ စိုးရိမ်မိပါတယ်။ သူမ အမြန်ဆုံးအိမ်ပြန်နိုင်ဖို့ ကျွန်မတောင်းဆိုပါတယ်” ဟု နိုလင်းဟေဇာ က ထုတ်ပြန်သည်။
ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ်ကြေညာသည့်နေ့တွင်ပင် တရားမ၀င် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် ထပ်တိုးထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့သည်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ကြိုတင်ထုတ်ပြန်အသိပေးတာမျိုးမရှိသလို ကာယကံရှင် နိုလင်းဟေဇာကလည်း တစ်စုံတစ်ရာ ကြေညာတာမျိုးမရှိခဲ့ဘူး။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အားလုံး ရပ်တန့်ဖို့ နောက်ဆုံးတစ်ကြိမ် တောင်းဆိုခဲ့ အပြီးမှာ ဟေဇာရဲ့ ခရီးစဉ် အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အကြီးအကဲ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်မျိုးဆီက မမျှတတဲ့ မှတ်ချက်စကားမျိုး ကြားရတဲ့အတွက် စိတ်ပျက် ဝမ်းနည်းမိတယ်လို့ ကင်မ်က ဆိုပါတယ်။ နောက်ဆိုရင် ဂူတာရက်ဇ် အနေနဲ့ အန္တရာယ်ရှိတဲ့ စကားလုံးတွေကို ထုတ်မပြောခင်မှာ ပြန်ဆန်းစစ် ဆင်ခြင်သင့်တယ်လို့လည်း ကင်မ်က ပြောပါတယ်။
အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဟု NUG က မှတ်ယူကြောင်း ဖော်ပြသည်။