Connect with us

Hi, what are you looking for?

သတင်း

ကုလ သံတမန်စိစစ်ရေးကော်မတီမှာ ဒီမိုကရေစီ ၆ နိုင်ငံပါဝင်

(၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နေ့ခင်းပိုင်း(အမေရိကန်ဒေသစံတော်ချိန်)မှာ ကျင်းပခဲ့ပြီး Credentials Committee (သံတမန်စိစစ်ရေးကော်မတီ)ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

၇၉ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပိတ်ပွဲမှာ အထွေထွေအတွင်းရေးမှူးချုပ် မိန့်ခွန်းပြောကြားစဥ်။ ဓာတ်ပုံ - UN

“ဦးကျော်မိုးထွန်းရဲ့ရာထူးနေရာကို ဖယ်ရှားဖို့ ခုခံမှုတွေ ပိုအားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” – မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေ

စက်တင်ဘာ-၁၀၊ ၂၀၂၅။ People’s Spring

(၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နေ့ခင်းပိုင်း(အမေရိကန်ဒေသစံတော်ချိန်)မှာ ကျင်းပခဲ့ပြီး Credentials Committee (သံတမန်စိစစ်ရေးကော်မတီ)ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ကုလသမဂ္ဂအထွေထွေညီလာခံအတွက် Credentials Commmittee ကို နှစ်စဥ်ပါလေ့ရှိတဲ့ အမေရိကန်၊ ရုရှား၊ တရုတ် သုံးနိုင်ငံနဲ့ အန်ဒိုရာ၊ ဘော့ဆွာနာ၊ ဒိုမီနီကန်၊ မလေးရှား၊ ဆီနီဂေါနဲ့ ထရီနီဒက်နဲ့ တိုဘာဂို စတဲ့ ၆ နိုင်ငံနဲ့ဖွဲ့စည်းထားတယ်လို့ အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ သံတမန်စိစစ်ရေးကော်မတီကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံနဲ့ ဖွဲ့စည်းတာပါ။

Public Service Announcement

Public Service Announcement

ဒီနှစ်သံတမန်စိစစ်ရေးကော်မတီမှာ အာဏာရှင် ဒါမှမဟုတ် တစ်ပါတီအာဏာရှင်စနစ်ကြီးစိုးတဲ့ တရုတ်နဲ့ ရုရှားကလွဲလို့ ကျန်တဲ့ အဖွဲ့ဝင် ၆ နိုင်ငံက ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

“ဦးကျော်မိုးထွန်းရဲ့ရာထူးနေရာကို ဖယ်ရှားဖို့ ခုခံမှုတွေ ပိုအားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက People’s Spring ကို မှတ်ချက်ပြုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့အတွက် စစ်ကောင်စီက နှစ်စဥ်ကြိုးစားခဲ့ပေမယ့် သံတမန်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ရှိအချိန်အထိ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် တည်ရှိနေပါတယ်။

မကြာသေးခင်က သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ People’s Spring တို့ သီးသန့်မေးမြန်းခန်းမှာ သံအမတ်ကြီးက လက်ရှိအချိန်အထိ ယတိပြတ်မပြောနိုင်သေးပေမယ့် အရင်နှစ်ကလိုပဲ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်နက်ကို အသိအမှတ်ပြု ထောက်ခံဖို့ ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့ အဆိုတစ်ရပ်ကို အမေရိကန်က ထောက်ခံမဲ မပေးဘဲ ကြားနေဖို့ ရွေးချယ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂကို ဗဟိုပြုထားတဲ့ လက်ရှိ နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု အခင်းအကျင်းကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။