Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီတိုအာဏာ အသုံးချမှုတွေကို ကန့်သတ်ပေးရေး ကုလသမဂ္ဂကို စင်ကာပူ တောင်းဆို

ဗီတိုအာဏာ တစ်ဖက်သတ် အသုံးချမှုတွေကို ထိန်းသိမ်းကွပ်ကဲပေးဖို့၊ ပိုပြီး ကွဲပြားစုံလင်တဲ့ စုဖွဲ့မှုတွေကို ကိုယ်စားပြုနိုင်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ ကုလသမဂ္ဂကို စင်ကာပူ အစိုးရက တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဗီတိုအာဏာ တစ်ဖက်သတ် အသုံးချမှုတွေကို ထိန်းသိမ်းကွပ်ကဲပေးဖို့၊ ပိုပြီး ကွဲပြားစုံလင်တဲ့ စုဖွဲ့မှုတွေကို ကိုယ်စားပြုနိုင်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ ကုလသမဂ္ဂကို စင်ကာပူ အစိုးရက တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က မိန့်ခွန်း ပြောခဲ့ရာမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံတည်းကသာ ဗီတိုအာဏာ သုံးစွဲခွင့် ရှိနေတာကို ပြင်ဆင်ပြောင်းလဲဖို့ လိုနေပြီလို့ ထောက်ပြသွားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံအရ နိုင်ငံတကာ အကျပ်အတည်းတွေနဲ့ ပတ်သက်တဲ့ အဆိုတွေကို ဗီတိုအာဏာပိုင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်နဲ့ ပြင်သစ်တို့ထဲက တစ်နိုင်ငံက ကန့်ကွက်ရုံနဲ့ ပယ်ဖျက်ပစ်နိုင်ပါတယ်။

ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာတဲ့ မျက်မှောက်ကာလမျိုးမှာ ဗီတိုအာဏာ သုံးစွဲမှုတွေကလည်း ပိုမို များပြားလာနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။ မကြာသေးခင်ကတင် ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ဖိအားပေးဖို့ အဆိုတစ်ခုကို အမေရိကန်က ဗီတိုအာဏာ သုံးပြီး ပယ်ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗီတိုအာဏာ သုံးစွဲမှု အကြိမ်ရေတွေ ပိုတိုးလာနေကြောင်း၊ ဒါပေမဲ့ အဲဒီလို လုပ်ပိုင်ခွင့် အသုံးချမှုတွေကို ကန့်သတ်ဖို့လည်း လိုနေပြီဖြစ်ကြောင်း သူက ဆိုပါတယ်။ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာ အသုံးပြုတဲ့အခါ တစ်နိုင်ငံချင်းစီက ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ နိုင်ငံအရေအတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ အခြေအနေမျိုးမှာမှ အဲဒီလုပ်ပိုင်ခွင့်ကို အသုံးပြုခွင့် ရှိနိုင်မယ် ဆိုတာမျိုး ပြင်ဆင် ပြောင်းလဲမှုတွေ စဉ်းစားသင့်တယ်လို့ ဘာလက်ခ်ရစ်ရှ်နန်က ပြောပါတယ်။

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးပါမှုကို အသိအမှတ် ပြုခဲ့ပေမယ့် ကုလသမဂ္ဂကို ပိုပြီး အားကောင်းတဲ့၊ စွမ်းဆောင်နိုင်တဲ့ အစုအဖွဲ့တစ်ခု ဖြစ်လာစေဖို့အတွက်ဆိုရင် စုံလင်ကျယ်ပြန့်တဲ့ ဖွဲ့စည်းမှုတွေ လိုအပ်လိမ့်မယ် ထောက်ပြခဲ့ပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီနဲ့ အထွေထွေ ညီလာခံကြားမှာ ပိုပြီး အားကောင်းတဲ့ ချိတ်ဆက်မှုမျိုး လိုအပ်တယ်လို့လည်း ဝန်ကြီးက မှတ်ချက်ပေးသွားပါတယ်။

လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ အရှိတရားတွေကို ကိုင်တွယ်နိုင်ဖို့ဆိုရင် ကိုယ်စားပြုမှုတွေ ပိုကျယ်ပြန့်တဲ့၊ ပိုစုံလင်တဲ့ ကုလသမဂ္ဂမျိုးကို ကမ္ဘာကြီးက လိုအပ်နေပြီလို့ သူက ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

Facebook