သတင်း ရွှေဘို – ဆိပ်ခွန်လမ်းပိုင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူများသွားလာခြင်းမပြုရန် သတိပေး ဧပြီ ၂၅ ရက် နံနက်ပိုင်းကလည်း ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်သိပ္ပံမှထွက်လာသော စစ်ကောင်စီတပ်နှင့် ရွှေဘိုခရိုင်တပ်ရင်း(၄)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း တပ်ရင်း(၄)က ထုတ်ပြန်ထားသည်။ LuduNwayOoဧပြီ 27, 2023
သတင်း လေကြောင်းတိုက်ခိုက်ခံရသည့် ပဇီကြီးရွာအနီးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုဖြင့် ဆက်လက်ထိုးနေ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့(ဧပြီ ၂၆ရက်)ညက မြေမွန်ကျေးရွာတွင် ညအိပ်ပြီး ယနေ့ နံနက်တွင် စကျင်ရွာနှင့်ချောင်းမကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ LuduNwayOoဧပြီ 27, 2023
သတင်း ပဇီကြီးရွာဝန်းကျင် စစ်ကောင်စီက တောနင်းစစ်ကြောင်းထိုးနေ၍ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းတိမ်းရှောင်နေရ စစ်ကောင်စီစစ်ကြောင်းသည် ပဇီကြီးရွာအပြင် အနီးပတ်ဝန်းကျင်ရွာများတွင်လည်း မြေပြင်ကင်းပုန်းများရှိနေသလို လေကြောင်းမှလည်း ခြိမ်းခြောက်နေ၍ ဒေသခံအများအပြား ပုန်းအောင်းပြေးလွှားနေရခြင်း ဖြစ်သည်။ LuduNwayOoဧပြီ 21, 2023
သတင်း ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု၊သိမ်ကုန်းတာဝါတိုင်၌ သင်္ကြန်အကြိုနေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့နေ့လယ်တွင် ပဲခူးရိုးမအစပ်ရှိ ကိုင်းကွင်းရွာဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ LuduNwayOoဧပြီ 20, 2023
သတင်း တန့်ဆည်နယ် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ ယမန်နေ့ (ဧပြီ ၁၉)ညနေ ၅ နာရီခန့်က တဆယ်ကျဲရွာသို့ အင်အား ၁၂၀ ခန့်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီ ခမရ(၃၆၈)မှစစ်ကြောင်းကို ၁၀ မိနစ်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းြဖစ်သည်ဟု ဆိုသည်။ LuduNwayOoဧပြီ 20, 2023
သတင်း ခင်ဦးနယ်သို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ရ သင်္ကြန်ကာလအတွင်းကမူ ရေဦးမြို့ပေါ်၌ စစ်ကောင်စီ၏ ဟန်ပြသင်္ကြန်ပြုလုပ်နေ၍ စစ်ကြောင်းထိုးခြင်းမရှိဘဲ သင်္ကြန်ပြီးပြီးချင်း စစ်ကြောင်းပြန်ထိုးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 18, 2023
သတင်း ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးပစ်ခတ်နေ၍ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ ဆားလင်းကြီးမြို့ပေါ်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီရှိ စစ်ကောင်စီတပ်သားများသည် မြို့နယ်အတွင်းရှိ ကျေးရွာများအား မကြာခဏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။ LuduNwayOoမတ် 29, 2023
သတင်း မင်းတပ်နယ်၌ အင်အား ၈၀ ခန့်ဖြင့် လှုပ်ရှားလျက်ရှိသည့် စစ်ကောင်စီတပ်အား ဝေဟင်ပေါ်မှရိုက်ထားသည့်မြင်ကွင်းများဒေသခံဖော်ပြ ထင်ချောင်းရွာနှင့် စံရွာဘက်၌ စစ်ကောင်စီတပ်များ၏ ယနေ့လှုပ်ရှားမှုများကို လေမိုင် ၅မိုင် အကွာမှ ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဓာတ်ပုံဆရာက အသိပေးသည်။ LuduNwayOoမတ် 24, 2023
သတင်း ရွှေကူနယ်တွင် ကျေးရွာများဖျက်ဆီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA/PDF တိုက်ခိုက် စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ LuduNwayOoမတ် 23, 2023
သတင်း ရေစကြိုတွင် PDFစခန်းတစ်ခု ဖျက်ဆီးခံရ ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း ပကဖအဖွဲ့က ပြောသည်။ LuduNwayOoမတ် 22, 2023