Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် မုန်တိုင်းအပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာ (၁၉) ရွာမှ ဒေသခံပြည်သူ​ပေါင်း သုံး​သောင်း​ကျော် ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း ဒေသတွင်း ဒေသတွင်း သတင်းအချက်အလက်များ ဖော်ပြပေးနေသော Infinity Group က အသိပေးသည်။

(စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကန့်ဘလူနယ်က ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကန့်ဘလူနယ်က ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် မုန်တိုင်းတိုက်အပြီး စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေ၍ ကျေးရွာအများအပြားမှ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့(မေလ ၁၇ရက်) နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ်အား ​စစ်ကောင်စီ၏ ခမရ (၃၆၁) ၊ ခမရ (၃၆၈)နှင့် နယ်​မြေခံပျူ​စောထီး အင်အား ၃၀၀ ​ကျော်က စစ်​ကြောင်း လေးကြောင်းခုဖြင့် စစ်​ကြောင်းထိုး​ ဝင်​ရောက်နေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကန့်ဘလူနယ်က ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကန့်ဘလူနယ်က ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာ (၁၉) ရွာမှ ဒေသခံပြည်သူ​ပေါင်း သုံး​သောင်း​ကျော် ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း ဒေသတွင်း ဒေသတွင်း သတင်းအချက်အလက်များ ဖော်ပြပေးနေသော Infinity Group က အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကြောင်းတစ်ကြောင်းမှာ ထန်းကုန်းတိုက်နယ်ရှိ ဉာဏ်အင်းကျေးရွာအား မီးရှို့ဖျက်ဆီး​နေ​ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကန့်ဘလူနယ်က ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကန့်ဘလူနယ်က ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

“ထန်းကုန်းတိုက်နယ်မှာ အခုစစ်ကြောင်းထိုးလို့ထပ်ပြေးနေရတယ်။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကန့်ဘလူခရိုင်၌ လက်ရှိတွင် စစ်ရှောင်ပြည်သူ ငါးသောင်းကျော်အထိ မြင့်တက်လာပြီး တိမ်းရှောင်ရသည့်ကျေးရွာပေါင်း ၂၄ ရွာထက်မနည်းရှိလာကာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံသုံးဆေးဝါးများ၊ မြွေဆိပ်ဖြေဆေးများ လိုအပ်နေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook